airplane.jpg

ငှက်အုပ်နဲ့တိုးလို့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ မော်စကိုမြို့နားက ပြောင်းဖူးခင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အူရယ်လေကြောင်းလိုင်းရဲ့ Airbus 321 လေယာဉ်ဟာ ခရိုင်းမီးယားဒေသမှာရှိတဲ့ ဆင်ဖာရိုပိုလ်မြို့ကို ပျံသန်းဖို့ မော်စကိုမြို့လေဆိပ်ကနေ ထွက်ခွာခဲ့ပေမဲ့ မကြာခင်အချိန်အတွင်း ဇင်ယော်ငှက်အုပ်နဲ့ ထိပ်တိုက်တိုးခဲ့လို့ အင်ဂျင်ရပ်သွားခဲ့ပါတယ်။…

17.7.2019birds-1-1.jpg

ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို ဘာကြောင့်ဓာတ်မလိုက်တာလဲ

လျှပ်စစ်ဓာတ်အားဆိုတာ လူတွေအတွက်တော့ အသုံးဝင်လွန်းတဲ့အရာဖြစ်သလို အရမ်းလည်း အန္တရာယ် များတဲ့အရာပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားရင် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပြီး နှလုံးကို ပျက်စီး သွားစေပါလိမ့်မယ်။ ဒါကြောင့် ပလက်ပေါက်တွေထဲ လက်ချောင်းတွေမထည့်မိဖို့၊ အိမ်မှာ လျှပ်စစ်သွယ်ထားတဲ့ဝိုင်ယာကြိုးတွေကို…

adfafafaf-1.jpg

နှစ်ပေါင်း (၁) သိန်းကျော်ကြာ မျိုးတုံးပျောက်ကွယ်ခဲ့တဲ့ ငှက်တစ်မျိုး ပြန်လည်ပေါ်ပေါက်လာ

Linnean Society ဟာ သဘာဝသမိုင်းကို လေ့လာသုတေသနပြုတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီကနေ ထုတ်ဝေခဲ့တဲ့ သတ္တဗေဒဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိချက်အရ ခြေတံရှည်ငှက်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ Aldabra white-throated rail ဟာ နှစ်ပေါင်း (၁၃၆၀၀၀) ကြာ မျိုးတုံးပျောက်ကွယ်ပြီးမှ မျိုးနွယ်တစ်ခုအဖြစ်…

photo-1515339760107-1952b7a08454.jpg

ငှက်တောင်မွှေးများဟာ ငှက်များထက် အရင်ပေါ်ပေါက်ခဲ့ပါတယ်

University of Bristol မှ ဦးဆောင်ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ခုအရ ငှက်တောင်မွှေးများဖြစ်တဲ့ feathers များဟာ ငှက်များမပေါ်ပေါက်မှီ နှစ်ပေါင်း သန်း (၁၀၀) ခန့်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီလေ့လာမှုကြောင့် ဒိုင်နိုဆောများနဲ့ ပျံသန်းတဲ့တွားသွားသတ္တဝါ (flying reptiles)…

413BA16E00000578-4582742-image-a-1_1496929025627.jpg

မြန်မာနိုင်ငံမှ နှစ်သန်းပေါင်း ၁၀၀ ခန့်ရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်း

နှစ်သန်းပေါင်း တစ်ရာခန့်သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ မိုင်းတွင်းတစ်တွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရုတ်ပြတိုက်တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။ အခုဆိုရင် သိပ္ပံပညာရှင်များဟာ သဘာဝတရားအတိုင်း ဖြစ်ပေါ်နေတဲ့ ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို ယနေ့ခေတ်ငှက်များနဲ့…