“Britain’s Got Talent” ရဲ့ Semi-Final အထိ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်တဲ့ မျက်မမြင်ကောင်မလေး

5-9-2020-yyl-009.jpg

Britain’s Got Talent ပြိုင်ပွဲမှာ ဒိုင်တွေကို သူ့ရဲ့အသံနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် ဗြိတိန်-ပါကစ္စတန်ကပြားမလေးဆီရင် ဂျာဟန်ဂျီအာ အကြောင်း ရိုးရာလေးစာဖတ်ပရိသတ်တွေကို တင်ဆက်ပေးခဲ့ဖူးပါတယ်နော်။ အခုဆိုရင် ဆီရင် ဂျာဟန်ဂျီအာ ဟာ Braitain’s Got Talentရဲ့ Semi-Final ကို တက်လှမ်းခွင့်ရရှိနိုင်ခဲ့ပါပြီ။ ဆီရင်က သူ့ရဲ့အသံအားကောင်းကောင်းနဲ့ ဒိုင်တွေ၊ ပွဲကြည့်ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပြီးတဲ့နောက်မှာ ရှိုးရဲ့ Semi-Final ကို ဝင်ရောက်ခွင့်ရခဲ့တဲ့ ပထမဆုံးဗြိတိန်-ပါကစ္စတန်ကပြားမလေးဖြစ်လာခဲ့ပါတယ်။ ဆီရင်က အသက် (၅) နှစ်အရွယ်မှာ ပြင်းထန်တဲ့အမြင်အာရုံပြဿနာရှိခဲ့တဲ့အတွက် အသက် (၉) နှစ်အရွယ်မှာ အမြင်အာရုံကွယ်ပျောက်ခဲ့ရတာပါ။

ဆီရင်က မျက်မမြင်တစ်ယောက်ဖြစ်ပေမဲ့ ရှိုးပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပုံက လူငယ်တွေကို စံနမူနာကောင်းဖြစ်စေမှာ အမှန်ပါပဲ။ Britain’s Got Talent မှာ ဒိုင်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို သူ့ရဲ့သီဆိုယှဉ်ပြိုင်မှုနဲ့ မျက်ရည်ကျစေခဲ့ပါတယ်။ အသက် (၉) နှစ်အရွယ်မှာ အမြင်အာရုံက ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ကလည်း လူတိုင်းကို ဝမ်းနည်းစေခဲ့ပါတယ်။ Ruelle ရဲ့ Carry You သီချင်းနဲ့ ဆီရင်ရဲ့အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုက ဒိုင်အပါအဝင် လူတော်တော်များများကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့အတွက်ကြောင့် Semi Final ကို တက်လှမ်းခွင့်ရခဲ့တာပါပဲ။

ဆီရင်က အခြားသူတွေကို ကူညီပေးချင်တဲ့၊ စံနမူနာကောင်းဖြစ်ချင်တယ်ဆိုတဲ့အကြောင်းကို “သမီး စင်မြင့်ထက်ကို လျှောက်လှမ်းလာနေတဲ့အခါမှာ သမီးလုပ်ချင်ခဲ့တဲ့ တစ်ခုတည်းသောအရာက သမီးလို လူတွေကို ကူညီပေးနိုင်မယ့် အရာကို လုပ်ဖို့ပါပဲ”လို့ ဆီရင်က ပြောပါတယ်။ ဆီရင်ရဲ့အဖေကလည်း သူ့သမီး သတိရှိရှိနဲ့ အခက်အခဲအားလုံးကို ကျော်လွှားခဲ့ရတယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။ “ဆီရင်က ခက်ခဲတဲ့အချိန်ကာလတွေကို ရင်ဆိုင်နေရပေမဲ့ တကယ်ကို သတ္တိရှိပြီး တော်တဲ့ကလေးပါ။ သူ အမြင်အာရုံကွယ်ပျောက်ခဲ့တဲ့အချိန်မှာ ကမ္ဘာကြီးက သူ့ကို ကြီးမားတဲ့အရာတစ်ခုခု လုပ်စေချင်တယ်ဆိုတာကို ကျွန်တော်သိခဲ့ရတယ်”လို့ ဆီရင်ရဲ့အဖေက ပြောပါတယ်။

ဆီရင်တစ်ယောက် ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ထိ တက်လှမ်းသွားနိုင်ဖို့ မျှော်လင့်ရပါတယ်။ ဒိုင်တွေနဲ့ပရိသတ်တွေကို မျက်ရည်ကျစေခဲ့တဲ့ ဆီရင်ရဲ့ Carry You သီချင်းဖျော်ဖြေမှုကို အောက်မှာ ကြည့်ရှုလို့ရပါတယ်နော်..။ ဆီရင် ဘယ်လို မျက်စိကွယ်ခဲ့ရတာလဲသိချင်ရင် ဒီLink https://yoyarlay.com/14-year-old-blind-british-pakistani…/ မှာ ဝင်ဖတ်ကြည့်ရှုလို့ရပါတယ်။

Ref: Sirine Jahangir becomes first British-Pakistani to reach ‘Britain’s Got Talent’ semi-finals

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top