Galaxy A03 Core စမတ်ဖုန်းကို တိုင်းရင်းသာ:ဘာသာစကားများဖြင့် ဖန်တီးထားသောသီချင်းမျာ:နှင့်အတူ Samsung Myanmar မိတ်ဆက်

16-8-2022-yyl16.jpg

Samsung Myanmar ၏ A Series စမတ်ဖုန်းများအနက် ဈေးနှုန်းအသက်သာဆုံးသော Galaxy A03 Core စမတ်ဖုန်းကို ယခင်မူလအရောင်များအပြင် Mint, Bronze, Onyx စသည့် အရောင်သစ် (၃) မျိုးဖြင့် ဈေးကွက်တွင်းရောင်းချပေးလျက်ရှိနေပြီဖြစ်သည်။ မြန်မာဘာသာစကားအပြင် တိုင်းရင်းသားဘာသာစကား (၅) မျိုးဖြင့် သီဆိုထားသော Galaxy A03 Core သီချင်းကိုလည်း Samsung Myanmar က ထုတ်လွှင့်ခဲ့သည်။

Galaxy A03 Core သီချင်းကို Team Galaxy အဖွဲ့ဝင်တစ်ဦးဖြစ်သော အဆိုတော် G Fatt က မြန်မာဘာသာစကားဖြင့် မူရင်းသီဆိုထားပြီး တိုင်းရင်းသားအဆိုတော်များဖြစ်ကြသော ကချင်ဘာသာစကားဖြင့် ဇော်ခွန်၊ ကရင်ဘာသာစကားဖြင့် ကောင်းကောင်း၊ မွန်ဘာသာစကားဖြင့် အဂ္ဂ၊ ရခိုင်ဘာသာစကားဖြင့် ရှိုင်း နှင့် ရှမ်းဘာသာစကားဖြင့် စိုင်းအောင်ထီးခမ်းတို့က ပြန်လည်အဓိပ္ပာယ်ဖွင့် သီဆိုထားခြင်းဖြစ်သည်။ ဘာသာစကားအမျိုးမျိုးဖြင့်သီဆိုထားသော Galaxy A03 Core သီချင်းကို Samsung Myanmar ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပြီဖြစ်ပါသည်။

Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က “Samsung စမတ်ဖုန်းတွေကို သုံးစွဲတဲ့သူတွေဟာ မတူကွဲပြားတဲ့ အသက်အရွယ်၊ တိုင်းရင်းသားလူမျိုး၊ နေထိုင်ရာဒေသနဲ့ ဝင်ငွေပမာဏ အသီးသီးရှိကြတယ်ဆိုတာကို Samsung အနေနဲ့ အမြဲစွဲမှတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ ဘယ်သူမဆိုဝယ်ယူသုံးစွဲနိုင်စေဖို့အတွက် သင့်တင့်တဲ့နှုန်းထားအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုနဲ့ အစီအစဉ်တွေပြုလုပ်ရာမှာလည်း အခြားတိုင်းရင်းသားလူမျိုးစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အမြဲကြိုးပမ်းနေပါတယ်” ဟု ပြောသည်။

မြန်မာငွေ ၂၅၉,၀၀၀ ကျပ်မျှဖြင့် ဝယ်ယူရရှိနိုင်မည့် Samsung Myanmar က ထုတ်လုပ်ဖူးသမျှ စမတ်ဖုန်းများအနက် ဈေးနှုန်းအသက်သာဆုံး Galaxy A03 Core စမတ်ဖုန်းကို ၂၀၂၂ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် အမည်းရောင်နှင့် အပြာရောင်တို့ဖြင့် ဈေးကွက်တွင်းသို့ ပထမအကြိမ်စတင်‌မိတ်ဆက်ခဲ့ပြီး ယခုအခါတွင် ဆန်းသစ်ခန့်ညားသော Mint, Bronze, Onyx အရောင်သစ် (၃) မျိုးဖြင့် ထပ်မံထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါအရောင်သစ် Galaxy A03 Core စမတ်ဖုန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် အစောဆုံး၀ယ်ယူအားပေးသူများအနေဖြင့် Phone Cover နှင့် Earphone တို့ကိုလည်း ပစ္စည်းလက်ကျန်ရှိသည်အထိ မေတ္တာလက်ဆောင်ရရှိမည်ဖြစ်ပါသည်။

သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် အမှတ်တရဖြစ်ဖွယ်အခိုက်အတန့်များကို လက်မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်စေရန်အတွက် Galaxy A03 Core ဖုန်း၏ ကျောဖက်နှင့် ရှေ့ဖက်များတွင် 8MP, f2.0 နှင့် 5MP, f2.2 ကင်မရာနှစ်လုံးအား အသီးသီး ထည့်သွင်းပေးထားပါသည်။ ထို့အပြင် ၆.၅ လက်မ Infinity-V HD+ TFT မျက်နှာပြင်ပါရှိသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မြင်ကွင်းပြည့်ခံစားမှုအတွေ့အကြုံကိုလည်း ရရှိးနိုင်မည်ဖြစ်သည်။

OCTA-core processor ၏ ထောက်ပံ့မှုကြောင့် Galaxy A03 Core စမတ်ဖုန်းသည် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင်မည်ဖြစ်သည့်အပြင် ဘက်ထရီစားသက်သာစေပြီး ပမာဏကြီးမားသော 5,000 mAh ဘက်ထရီပါရှိသည့်အတွက် တစ်ကြိမ်အားသွင်းထားရုံဖြင့် တစ်နေ့တာလုံး စိတ်ပူပန်မှုမရှိ သုံးစွဲနိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top