ကူးစက်ရောဂါတွေ ပိုပြီးသယ်ဆောင်လာနိုင်တဲ့ အိမ်သာတက်ခြင်းအလေ့အထတစ်မျိုး

9-3-2021-yyl-09.jpg

ဟိုအရင်တုန်းကတော့ လူတော်တော်များများဟာ အိမ်သာထဲကို သတင်းစာ၊ မဂ္ဂဇင်းတွေကို ယူသွားပြီး ဖတ်ရင်းနဲ့ အိမ်သာတက်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သတင်းစာနဲ့ မဂ္ဂဇင်းတွေအစား စမတ်ဖုန်းတွေက နေရာယူဝင်လာကြပါပြီ။ ဖုန်းသုံးရင်းနဲ့ အိမ်သာတက်တဲ့သူတော်တော်များပါတယ်။ ဒီအလေ့အထက ကူးစက်ရောဂါကို ပိုတွဲကပ်စေနိုင်တယ်၊ ပြင်းထန်တဲ့ကျန်းမာရေးတချို့နဲ့ ကြုံတွေ့ရနိုင်တယ်ဆိုတာကို လူအများစုက သတိပြုမိကြမယ်မထင်ပါဘူး။ အိမ်သာက ရောဂါပိုးမွှားပေါက်ဖွားနိုင်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီအထဲကို ဖုန်းယူသွားတဲ့အချိန်မှာ မစင်မှာရှိတဲ့ဘတ်တီးရီးယားနဲ့ထိတွေ့လာရပါတယ်။ သင်က အိမ်သာတက်ရင်း ရေဖြန်းပိုက်ကို ကိုင်လိုက်၊ ဖုန်းကိုင်လိုက်နဲ့ဖြစ်နေတာကြောင့် အခုလိုဖြစ်လာနိုင်ပါတယ်။

စမတ်ဖုန်းက ရောဂါပိုးမွှားတွေကို သယ်ဆောင်တယ်

University of Arizona က သုတေသီတွေရဲ့လေ့လာချက်မှာ စမတ်ဖုန်းက အိမ်သာထိုင်ခွက်လိုပဲ ဘတ်တီးရီးယားကို (၁၀) ဆလောက် သယ်ဆောင်နိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ပြဿနာာက ရေအိမ်ကို အသုံးပြုပြီးတဲ့နောက် လက်ဆေးပေမဲ့ ရေအိမ်ထဲယူသွားတဲ့ဖုန်းကိုတော့ မသန့်စင်ကြပါဘူး။ ရလဒ်အနေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေက ဖုန်းမှာကပ်ညှိနေပြီး အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ ဖုန်းမှာရှိတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေနဲ့ ထိတွေ့လာရပါတယ်။

စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်တယ်

နည်းပညာက ကျွန်တော်တို့ဘဝတွေကို အရမ်းလွယ်ကူစေပေမဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေအတွက် အကြောင်းအရင်းလည်းဖြစ်ပါတယ်။ နည်းပညာကို အသုံးပြုလေလေ စိတ်ဖိစီးမှုဖြစ်လာလေလေပါပဲ။ အိမ်သာတက်တဲ့အချိန်ကလည်း အားလပ်ချိန်လေးပါပဲ။ အိမ်သာထဲကို ဖုန်းဝယ်သွားတဲ့အခါ သင့်ဦးနှောက်ကို အနားမပေးတဲ့အတွက် စိတ်ဖိစီးမှုကို ဖိတ်ခေါ်နေသလို ကျန်းမာရေးအန္တရာယ်လည်းဖြစ်နိုင်ချေများပါတယ်။

လိပ်ခေါင်းရောဂါဖြစ်လာစေနိုင်တယ်

အိမ်သာတက်တဲ့အချိန် ဖုန်းသုံးခြင်းရဲ့နောက်ထပ်ကျန်းမာရေးဆိုးကျိုးကတော့ လိပ်ခေါင်းရောဂါဖြစ်ပါတယ်။ အိမ်သာထဲ ဖုန်းယူသွားတဲ့သူတွေက သာမန်အိမ်သာတက်တဲ့အချိန်ထက် အချိန်ပိုယူဖြစ်ပါတယ်။ အချိန်အကြာကြီး အိမ်သာထဲထိုင်နေတာက လိပ်ခေါင်းရောဂါကိုဖြစ်လာစေနိုင်ပါတယ်။

အိမ်သာတက်တဲ့အခါမှာ ဖုန်းကိုယူမသွားဘဲ အပြင်မှာပဲ ထားခဲ့သင့်ပါတယ်။ မဖြစ်မနေ သင့်နဲ့အတူယူသွားချင်တယ်ဆိုရင်တော့ ဖုန်းကို အယ်ကိုဟောပါဝင်တဲ့ပိုးသတ်ဆေးနဲ့ ပုံမှန်သန့်စင်ပေးပါ။ အိမ်သာကိုလည်း အချိန်အကြာကြီးမတက်မိအောင် ကြိုးစားကြည့်ပါ။ လူတစ်ယောက်က အိမ်သာတက်ရင် (၁၀) မိနစ်ထက်ပိုပြီး အချိန်မယူသင့်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

Ref: THIS toilet habit is making you more prone to infections (and other health risks)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top