ကွန်ပျူတာနဲ့ဖုန်းတွေကထွက်တဲ့ အပြာရောင်အလင်းတွေကလည်း အသားရေကို ပျက်စီးစေနိုင်ပါတယ်

15-5-2020-yyl-033.jpg

အခုလိုကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ ကျွန်တော်တို့တွေက ဖုန်း၊ ကွန်ပျူတာတွေနဲ့ အချိန်တော်တော်များများ ကုန်ဆုံးနေကြတယ်မလား။ အိမ်ကနေ ရုံးအလုပ်လုပ်နေရတဲ့အတွက် အချိန်တော်တော်များများကို ကွန်ပျူတာရှေ့မှာ ကုန်ဆုံးနေကြရပါတယ်။ ကွန်ပျူတာ၊ ဖုန်းတွေနဲ့ အချိန်ကုန်မိနေတဲ့သူတွေကို သတင်းလေးမျှဝေပေးချင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေက ထွက်တဲ့အလင်းတွေက အမြင်အာရုံကို အားနည်းစေရုံသာမက အသားရေကိုလည်း ထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

ကျွန်တော်တို့တွေက နေကထွက်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုတော့ သတိထားကြပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ကျွန်တော်တို့ရဲ့အသားရေတွေကို မပျက်စီးအောင် နည်းအမျိုးမျိုးနဲ့ ကြိုတင်ကာကွယ်ကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများက ကွန်ပျူတာနဲ့ဖုန်းတွေကထွက်တဲ့အပြာရောင်အလင်းက တူညီတဲ့ခြိမ်းခြောက်မှုပေးတယ်ဆိုတာကိုတော့မသိမြင်ကြပါဘူး။ ကွန်ပျူတာနဲ့ဖုန်းတွေက ထွက်တဲ့အပြာရောင်အလင်းက စွမ်းအင်တော်တော်များများထွက်တဲ့ လှိုင်းအလျားတိုတဲ့အလင်းရောင်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေက Screen တွေကနေတဆင့် တစ်ချိန်လုံး ဒီအန္တရာယ်ရှိတဲ့အလင်းကို ထိတွေ့မိကြရပါတယ်။

နေကထွက်တဲ့အပြာရောင်အလင်းပမာဏအနည်းငယ်က ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့ကွန်ပျူတာက လာတဲ့အလင်းက ဆိုးကျိုးရှိပါတယ်။ အပြာရောင်အလင်းက အသားရေကို အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အသားရေကို မညီမညာဖြစ်ပြီး ကြမ်းတမ်းစေရုံသာမက အသားရေကို လျော့ရဲစေနိုင်ပါတယ်။ အသားမဲတဲ့သူ၊ အသားညိုတဲ့သူတွေက သူတို့ရဲ့အသားရေမှာ မီလာနင်ဓာတ်ပါဝင်မှုမြင့်တဲ့အတွက် အပြာရောင်အလင်းကြောင့် နီမြန်းမှုတွေပိုဖြစ်လာပြီး အသားရေမညီညာတာတွေဖြစ်လာနိုင်ပါတယ်။ Screen ကလာတဲ့အလင်းကြောင့် ကျန်းမာသန်စွမ်းတဲ့collagen လည်းပျက်စီးပြီး အမဲကွက်တွေနဲ့ အသားရေမညီညာတာတွေဖြစ်လာနိုင်ပါတယ်။

ဖုန်းနဲ့ ကွန်ပျူတာက ထွက်တဲ့အလင်းရောင်ကြောင့်ဖြစ်တဲ့ အသားရေပျက်စီးမှုကို ကာကွယ်ဖို့အရေးကြီးပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ ဖုန်းအသုံးပြုတာကို လုံးဝရှောင်ရှားပစ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသားရေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းက အိမ်ထဲမှာရှိနေရင်တောင် နေလောင်ဒဏ်လိမ်းခရင်မ်လိမ်းပေးဖို့ပါပဲ။ နေလောင်ဒဏ်လိမ်းခရင်မ်မှာ ပါဝင်တဲ့ SPF က အန္တရာယ်ရှိတဲ့ ဘယ်လိုအလင်းမျိုးကနေမဆို အသားရေကို ကာကွယ်ပေးပါတယ်။ ဒီနည်းက သင့်ကို ကာကွယ်မပေးဘူးဆိုရင် အရေပြားဆရာဝန်ဆီကနေ အကြံဉာဏ်အမြဲတောင်းကြည့်သင့်ပါတယ်။

Ref:How blue light from computers and mobile phones is damaging your skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top