တစ်ရက်တည်းသေဆုံးခဲ့ရတဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူနဲ့ သူ ၁၀ နှစ်တာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သစ်ကုလားအုတ်တို့ဇာတ်လမ်းလေး

24.1.24-yyl-3.jpg

လူသားနဲ့ တိရစ္ဆာန်တွေကြား နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေရှိကြတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိတယ်ဆိုတာ တိရစ္ဆာန်ရုံတစ်ခုက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူနဲ့ သူ ၁၀ နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့တဲ့ သစ်ကုလားအုတ်တို့ရဲ့ဖြစ်ရပ်လေးက သက်သေပါပဲ။ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ သေဆုံးသွားခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ ဝမ်းနည်းစွာသေဆုံးသွားခဲ့တဲ့ဖြစ်ရပ်လေးပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်နေ့က မြောက်မက်ဆီဒိုးနီးယား၊ စကော့ပီရေချ်မှာ ရှိတဲ့ Skopje Zoo မှာ သစ်ကုလားအုတ်တွေကို အထူးစောင့်ရှောက်ပေးတဲ့သူအဖြစ် သိကြတဲ့ အသက် ၄၄ နှစ်အရွယ် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ ရီစတာ ထရာဂျ်ကိုဗာစကီဟာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့တိရစ္ဆာန်တွေကို စောင့်ရှောက်တဲ့နည်းလမ်းက စကော့ပီရေချ်နဲ့ ကမ္ဘာ့တဝှမ်းက လူတွေကို လှုံ့ဆော်မှုဖြစ်စေခဲ့ပါတယ်။ သူ သေဆုံးရတဲ့အကြောင်းအရင်းကတော့ အခုထိ မသိရသေးပါဘူး။

ပိုပြီးဝမ်းနည်းစရာကောင်းတာက သူ သေဆုံးပြီးနာရီအနည်းငယ်အကြာမှာ တိရစ္ဆာန်ရုံမှာ နောက်ဆုံးကျန်တဲ့၊ ရီစတာက ပြုစုစောင့်ရှောက်ပေးလာခဲ့တဲ့ ၁၀ နှစ်သားအရွယ် သစ်ကုလားအုတ် ဖလိုပီလည်း သေဆုံးသွားခဲ့ပါတယ်။ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ဖလိုပီကို ကယ်တင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပေမဲ့ ကယ်တင်လို့မရခဲ့ပါဘူး။

ရီစတာနဲ့ ဖလိုပီတို့ သေဆုံးမှုက Skopje Zoo အတွက်သာမက အသိုင်းအဝိုင်တစ်ခုလုံးအတွက်ပါ ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ အခုဆို Skopje Zoo က ကျန်ရှိနေတဲ့ တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ရီစတာရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။

Ref: This Zoo Keeper and the Giraffe He Was Taking Care Of for 10 Years Both Passed on the Same Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top