ပန်းခြံမှာ လူတွေမစုရုံးအောင် ကြက်ချေးဓာတ်မြေသြဇာ အသုံးပြု

30-4-2020-yyl-047-1.jpg

ဆွီဒင်နိုင်ငံမှာ ပွဲတော်အတွက် လူစုလူဝေးလုပ်တာကို တားဆီးနိုင်ဖို့ ကြက်ချေးဓာတ်မြေသြဇာကို အသုံးပြုခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဧပြီလ ၃၀ ရက်ကနေ မေလ ၁ ရက်နေ့ကြားမှာ Walpurgis Night အထိမ်းအမှတ်အဖြစ် ဆွီဒင်နိုင်ငံတောင်ပိုင်း လန်းမြို့ကို လူသောင်းချီလာရောက်ပြီး ဗဟိုပန်းခြံမှာ ပွဲတော်အထိမ်းအမှတ် ပျော်ပါးသောက်စားကြလေ့ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အခုလိုအချိန်မှာ အဲဒီလို ပျော်ပါးသောက်စားတာမျိုး မလုပ်ကြစေဖို့အတွက် လန်းမြို့အာဏာပိုင်တွေက ဗဟိုပန်းခြံအနှံ့ ကြက်ချေးဓာတ်မြေသြဇာ တစ်တန် ပက်ဖျန်းခဲ့ပါတယ်။

ကြက်ချေးဓာတ်မြေသြဇာဖျန်းထားလို့ အနံ့မခံနိုင်တဲ့အတွက် ဗဟိုပန်းခြံကို လူတွေ ရောက်မလာခဲ့ကြပါဘူး။ ဒါဟာ လူတွေ မစုရုံးအောင် တားဆီးရာရောက်သလို ပန်းခြံကို မြေသြဇာကျွေးရာရောက်လို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အကြံ ဖြစ်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှာ ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်ထားခြင်းမရှိပေမဲ့ လူအများစုကတော့ ကိုယ့်အသိစိတ်နဲ့ကိုယ် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top