သင်္ဃန်းကျွန်းမှာ ပြည်တွင်းကူးစက်မှုလို့ယူဆရတဲ့ လူနာသစ် ၃ ဦးတွေ့ရှိ ထိတွေ့ခဲ့သူ ၁၀ ဦးကျော်ကို Quarantine စင်တာပို့ဖို့ စီစဥ်နေ

31-8-2020-yyl-020.jpg

ရန်ကုန် စက်တင်ဘာ ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၁ နာရီထုတ်ပြန်ချက်အရ သင်္ဃန်းကျွန်းမြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ် ၂၈ ဦးတွေ့ရှိထားပြီးတော့ အဲဒီထဲက ၃ ဦးဟာ အတည်ပြု လူနာနဲ့ ထိတွေ့မှုလည်းမရှိ၊ ခရီးသွားရာဇဝင်လည်းမရှိတဲ့ သူတွေဖြစ်ပါတယ်။

အဲဒီအတည်ပြုလူနာ ၃ ဦးက အနံ့မရလို့ စံပြဆေးရုံကို သွားရောက်ပြသရာကနေ စောင့်ကြည့်ရမယ့် အနေအထားနဲ့ အာခေါင်တို့ပတ်ယူပြီးစစ်ဆေးလိုက်တဲ့အခါမှာ Positive တွေ့ရှိခဲ့တာလို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ် ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ဆိုပါတယ်။
”သုံးဦးမှာ နှစ်ဦးက သားအဖ။ အတူနေတာတဲ့သူ သားတစ်ယောက်ရှိတယ်။ နေတဲ့တိုက်က သုံးခန်းတွဲ သုံးထပ်၊ ၉ ခန်းရှိတယ်။ အဲဒီ ၉ ခန်းကို Lock Down လုပ်ထားတယ်။ နောက်တစ်ဦးက တစ်ဦးတည်း နေတာလို့ပြောတယ်။ လိုက်နေတုန်းပဲ”လို့ ၎င်းက ပြောပါတယ်။

Lock Down လုပ်ထားတဲ့ တိုက်ခန်းတွေမှာ နေထိုင်တဲ့သူတွေအားလုံးကို ကိုယ်အပူချိန်တိုင်းတာတွေ၊ လမ်းကို ဆေးဖြန်းတာတွေ လုပ်ထားတဲ့အပြင် သူတို့ရဲ့ စားရေးသောက်ရေးအတွက်ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စီစဥ◌်ဆောင်ရွက်ပေးထားတယ်လို့ ဦးအောင်ထိုက်က ဆိုပါတယ်။

လက်ရှိမှာတော့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက COVID-19 အတည်ပြုလူနာ Case 595 နဲ့ ထိတွေ့သူ ၃၄ ဦး၊ Case 741 နဲ့ ထိတွေ့သူ ၆ ဦးကို Quarantine စင်တာပို့ထားပြီးဖြစ်တဲ့အပြင် နောက်ထပ် ၁၀ ဦးကျော်ကိုလည်း ထပ်မံ ပို့ဆောင်သွားဖို့ စီစဥ◌်နေတယ်လို့ ဦးအောင်ထိုက်ဆီကနေ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top