လိဂ်မန်နေဂျာအစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဂျာဂန်ကလော့ ဆွတ်ခူး

28-7-2020-yyl-009.jpg

လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာ လိဂ်မန်နေဂျာအစည်းအရုံးက ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ပြီး လီဗာပူးအသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းတွေဖြစ်တဲ့ ဘီလ်ရှန်ကလေ၊ ဘော့ပိုင်စလေတို့နည်းတူ ဂုဏ်ပြုခံရသူဖြစ်လာခဲ့ပါတယ်။ ဂျာဂန်ကလော့ဟာ ဒီရာသီမှာ လီဗာပူးအသင်းကို နှစ် ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

” ဆာအဲလက်စ်ဖာဂူဆန်ဆုလို့ ခေါ်ကြတဲ့ လိဂ်မန်နေဂျာအစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရရှိတဲ့ အရမ်းကျေနပ်ဂုဏ်ယူပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က ကျွန်တော်အရမ်းလေးစားသူပါ။ တခြားနည်းပြတွေ မဲပေးရွေးချယ်တဲ့ဆုဖြစ်လို့ ဒီဆုရရှိတာ ပိုပြီးကျေနပ်ပီတိဖြစ်ရပါတယ်”လို့ ဂျာဂန်ကလော့က ဆိုပါတယ်။ ဂျာဂန်ကလော့က လီဗာပူးအသင်းကို သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးအတိုင်း ပုံသွင်းနိုင်ခဲ့တယ်လို့ မန်ယူဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က ချီးကျူးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top