ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘေးချင်းယှဉ်ရပ်မိချိန်က သေးထွက်ကျမလို ခံစားခဲ့ရတယ်လို့ အန်ဒီကိုးလ် ပြော

16-6-2020-yyl-004.jpg

၁၉၉၉ ခုနှစ်က အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဥမင်လိုဏ်ခေါင်းထဲမှာ ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒိုနဲ့ ဘေးချင်းယှဉ်ရပ်မိတုန်းက သေးထွက်ကျမလို ခံစားခဲ့ရတယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ဝန်ခံခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ မန်ယူအသင်းမှာ ကစားခဲ့တဲ့ အန်ဒီကိုးလ်ဟာ ၂၇၅ ပွဲ ကစားပြီး ၁၂၁ ဂိုး သွင်းယူနိုင်ခဲ့သလို ဆုဖလား ၉ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ ၁၉၉၈-၁၉၉၉ ရာသီက တစ်ရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးခဲ့တဲ့ မန်ယူအသင်းမှာလည်း ပါဝင်ခဲ့သူပါ။

မန်ယူဟာ အဲဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ အင်တာမီလန်ကို ၂ ဂိုးပြတ်အနိုင်ယူပြီး ဆန်စီယိုကွင်းမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ရတဲ့ ရော်နယ်ဒိုဟာ ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်လာခဲ့ပြီး အဲဒီအချိန်တုန်းက ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အန်ဒီကိုးလ်နဲ့ တိုက်စစ်ချင်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ” အဲဒီရာသီက အင်တာမီလန်နဲ့ ကစားခဲ့တာကို မှတ်မိသေးတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ တန်းစီနေတုန်း ရော်နယ်ဒိုကို တွေ့လိုက်တယ်။ ကျွန်တော် ညာမပြောပါဘူး။ အဲဒီတုန်းက ကျွန်တော် သေးထွက်ကျလုနီးပါပဲ။ ရော်နယ်ဒိုက ကျွန်တော် နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တာ ကစားသမားပါ”လို့ အန်ဒီကိုးလ်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top