ဆူနာမီလှိုင်းတွေ လာမယ်ဆိုတာ ကြိုသတိပေးပြီး လူ ၁၀၀ ကို အသက်ကယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

27.7.23-yyl-12.jpg

၂၀၀၄ ခုနှစ်မှာ တိုင်လီစမစ်က ၁၀ နှစ်သမီး အရွယ်ပဲ ရှိသေးတယ်။ သူတို့ မိသားစုတွေ ထိုင်းကို အလည်လာကြတဲ့အချိန် ဆူနာမီလှိုင်း တိုက်ခတ်မှုနဲ့ ကြုံခဲ့တယ်။ တိုင်လီစမစ်က ထိုင်းကို မလာခင် ၂ ပတ်အလို သူ့ကျောင်းမှာ ပထဝီသင်ရတယ်။ ပထဝီသင်ခန်းစာထဲမှာ ဆူနာမီလှိုင်းတွေ လာရင် ဘယ်လိုရှေ့ပြေးလက္ခဏာတွေ ဖြစ်လေ့ရှိသလဲဆိုတာကို သူ့ဆရာ အန်ဒရူးကီယာနေးက သင်ပေးလိုက်တယ်။

မိုင်ခေါင်ကမ်းခြေကို ဆူနာမီလှိုင်းလုံးကြီးတွေ မတိုက်ခတ်ခင် မိနစ်ပိုင်းအလိုမှာ တိုင်လီစမစ်က ဆူနာမီလှိုင်းတွေ လာတော့မယ်လို့ သူ့မိဘတွေကို ကြိုသတိပေးခဲ့တယ်။ သူ့မိဘတွေက တခြားသူတွေကို လိုက်သတိပေးခဲ့လို့ ကမ်းခြေက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်။ တိုင်လီစမစ်ရဲ့ သတိပေးချက်က လူ ၁၀၀ လောက်ကို အသက်ကယ်နိုင်ခဲ့တယ်လို့ ဆိုတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာထဲမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ဆူနာမီလှိုင်းလုံးကြီးတွေ တိုက်ခတ်ခဲ့လို့ လူ ၂ သိန်းကျော် သေဆုံးခဲ့တယ်။ တိုင်လီစမစ်ရဲ့ သတိပေးချက်ကြောင့် မိုင်ခေါင်ကမ်းခြေမှာတော့ လူသေဆုံးမှု မရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကလေးတွေကို ငလျင်၊ ဆူနာမီအန္တရာယ်နဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ရေး သင်ခန်းစာတွေ သင်ပေးတဲ့အခါ တိုင်လီစမစ်အကြောင်း ထည့်သွင်းသင်ကြားပေးသလို ဂြိုဟ်ငယ်လေးတစ်လုံးကိုလည်း တိုင်လီစမစ်အမည် မှည့်ပြီး ဂုဏ်ပြုပေးခဲ့တယ်။

Ref: Tilly Smith

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top