နွေရာသီရဲ့ ဓာတ်စာဖရဲသီးကို ဘယ်လိုရွေးချယ် ဝယ်ယူကြမလဲ?

2-6-2020-yyl-026.jpg

သင်ဟာ ဖရဲသီးကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဈေးဆိုင်တွေမှာ ဖရဲသီးရွေးရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်လို့ ရင်းနှီးပြီးသားသူ ဖြစ်မယ်ဆိုတာ သေချာပါတယ်။

လတ်ဆတ်တဲ့ဖရဲသီးတစ်လုံးကို အိမ်သယ်လာခဲ့ပြီးမှ စားကြည့်တဲ့အခါအရသာမရှိတာလောက် ဆိုးရွားတာလည်းမရှိတော့ပါဘူး။ ဒီလိုပြသနာမျိုးမဖြစ်ရလေအောင် ချိုပြီးအရည်ရွှမ်းတဲ့ဖရဲသီးကို ဘယ်လိုရွေးချယ်ဝယ်ယူရမယ်ဆိုတာ ရိုးရာလေးပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ အခုပြောပြပေးမယ့် အချက်လေးချက်ကိုလိုက်နာရုံနဲ့ ကောင်းမွန်တဲ့ဖရဲသီးကို ရွေးချယ်နိုင်မယ်ဆိုတာ အာမခံပါတယ်။

၁။ လက်နဲ့ကိုင်ပြီး အလေးချိန် မှန်းဆကြည့်ပါ

အလေးချိန်အရမ်းကြီးလည်းမစီးဘဲ အရမ်းကြီးလည်းမပေါ့တဲ့ ဖရဲသီးမျိုးကိုကြိုးစားရွေးချယ်ပါ။ ပုံမှန်အရွယ်အစားလောက်ဆို ပိုအဆင်ပြေပါတယ်။ လက်နဲ့ကောက်ကိုင်ကြည့်လို့ အရမ်းလေးနေတဲ့ဖရဲသီးတွေဟာ အသီးအတွင်းကိုအချိုရည်တွေ ထိုးသွင်းထားတတ်လို့ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဖရဲသီးတစ်လုံးမှာ ရေဓာတ် ၉၀% ပါဝင်ပြီး မှည့်ချိန်ရောက်နေတဲ့ဖရဲသီးတွေဟာ ရေဓာတ်ပါဝင်မှု မိုမိုများပြားပါတယ်။

၂။ အနာအဆာကြည့်ပါ

ဖရဲသီးတွေမှာတွေ့ရတတ်တဲ့ အဝါရောင်အကွက်ကျားတွေဟာ ပြုတ်ကျထားလို့ နာနေတဲ့အကွက်တွေပါ။ မှည့်ချိန်ရောက်နေတဲ့ ဖရဲသီးမျိုးမှာတော့ တစ်လုံးလုံးဟာ ခရင်မ်ဝါရောင် (သို့) လိမ္မော်ဝါရောင် သန်းနေတတ်ပြီး နေရောင်အောက်မှာကောင်းစွာ ဝင်းမှည့်ထားတဲ့သဘောမျိုးဖြစ်ပါတယ်။ မှည့်ချိန်မတိုင်သေးပဲ ခူးလိုက်တဲ့အသီးတွေမှာတော့ အဖြူရောင်အကွက်လေးတွေ ပေါ်နေတတ်ပါတယ်။

၃။ ပင့်ကူအိမ်လိုအကွက်တွေကိုရှာဖွေပါ။

ဖရဲသီးမှာတွေ့ရတတ်တဲ့ ပင့်ကူအိမ်ကွန်ရက်လို အကွက်လေးတွေဟာ ပျားတွေဝတ်ရည်ကူတုန်း အမြှေးကျထားတဲ့ အကွက်တွေဖြစ်လို့ အဲဒီလိုအကွက်တွေများများတွေ့လေ ဖရဲသီးကပိုချိုလေပဲဖြစ်ပါတယ်။

၄။ ခေါက်ကြည့်ပါ

ဖရဲသီးကို သင့်နားနဲ့ (၂) လက်မခြားလောက်ခွာပြီး ကပ်ထားရင်း ကျန်လက်တစ်ဖက်နဲ့ ခေါက်ကြည့်လိုက်ပါ။ မှည့်ချိန်မတန်သေးတဲ့ ဖရဲသီးဆိုရင်တော့ အသံအူလေးလေးကြီးကို ကြားရမှာဖြစ်ပြီး မှည့်ချိန်တန်ပြီဆိုရင်တော့ အသံထူထူလေးလေးကို ကြားရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်အနာအဆာကင်းတဲ့ ဖရဲသီးဟာ ခေါက်ကြည့်တဲ့အချိန်မှာ အခေါင်းပေါက်သံနဲ့ အသံထူထူကို ကြားရမှာပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့ဖရဲသီးတစ်လုံး ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို လေ့လာပြီးပြီဆိုရင်တော့ နောက်တစ်ကြိမ်ဝယ်ယူတဲ့အခါ ဂျင်းမထိစေဖို့ စာရေးသူက ဆန္ဒပြုလိုက်ပါတယ်နော်။

Ref: NewsRepublic “Tips to help you choose the best watermelons all summer long”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top