လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ နေရာအတွက် ယှဉ်ပြိုင်မှုကို အစ္စရေး ရုတ်သိမ်း

RTX4Y0C6-layout-comp-725x483.jpg

အစ္စရေးနိုင်ငံဟာ ၂၀၁၉-၂ဝအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နေရာ နှစ်နေရာကို ဘယ်ဂျီယံ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်မှုမှ ရုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ ကုလသမဂ္ဂ ညီလာခံမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်မယ့် ၂နှစ်သက်တမ်းရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံသစ် ၅နိုင်ငံ ရွေးချယ်ဖို့ လာမယ့်လမှာ မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ ဥရောပအနောက်ပိုင်းနဲ့ အခြား အုပ်စုတွေအတွက် ကိုယ်စားပြုမယ့် နေရာနှစ်ခုကို အစ္စရေး၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့ ယှဉ်ပြိုင်မှုတွေ ရှိနေခဲ့ပါတယ်။ အစ္စရေးနိုင်ငံက ယှဉ်ပြိုင်မှုကနေ နုတ်ထွက်သွားတာကြောင့် ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့ဟာ ယှဉ်ပြိုင်စရာ မလိုတော့ပေမယ့် လုံခြုံကောင်စီ အဖွဲ့ဝင် နိုင်ငံသစ်အဖြစ် ရွေးချယ်ခံရဖို့ ကုလသမဂ္ဂညီလာခံမှာ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ ဆန္ဒမဲ သုံးပုံနှစ်ပုံ ရရှိဖို့ လိုအပ်နေပါသေးတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန်အဖွဲ့က အစ္စရေးနိုင်ငံဟာ မဟာမိတ်နိုင်ငံတွေရဲ့အခွင့်ရေး အပြည့်အဝပူးပေါင်းဆောင်ရွက်မှုနဲ့ အသိမှတ်ပြုနိုင်ဖို့ မဟာမိတ်နိုင်ငံတွေနဲ့ ဆောင်ရွက်မှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံဟာ ကုလသဂမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်ချက်ချိန်မှာ အနိုင်ရဖို့အလားလာနည်းတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒေသအတွင်းအုပ်စုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနေရာအတွက် ယှဉ်ပြိုင်မှု မြင့်တက်လာမှု မရှိသေးဘူးလို့ သိရပါတယ်။ ကုလသမဂ္ဂ ညီလာခံဟာ နှစ်တိုင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံသစ်တွေကို မဲပေးရွေးချယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Ref: REUTERS “Israel withdraws from race for U.N. Security Council seat”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top