Valentine’s Day မှာ လက်ဆောင်မရခဲ့ရင်ဘယ်လိုလုပ်မလဲ

b5885298-511f-4804-95f3-ed25197afb8c-valentines.jpg

Valentine’s Day မှာကတော့ သိကြတဲ့အတိုင်း ဒီဘက်ကို ကြည့်လိုက်မယ်ဆိုရင် မွှေးပွရုပ်တွေ၊ ချောကလက်တွေ၊ ပန်းစည်းတွေနဲ့ရိုနေတဲ့အတွဲတွေ တွေ့ရမှာဖြစ်ပြီး ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ Valentine’s Day နဲ့အတွဲတွေကိုဖောင်းထုနေတဲ့လူအုပ်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။ သင်ကေ ဘယ်လူအုပ်ကြီးထဲမှမပါနေတဲ့ လက်ဆောင်မရလို့ဝမ်းနည်းနေသူလေးများလား။ ဒါဆို ဒီနေ့အတွက် ဘာလုပ်ရင်ကောင်းမလဲ။

(၁) ပုံမှန်အတိုင်းဖြတ်သန်း
ကျောင်းသူ၊ ကျောင်းသားပဲဖြစ်ဖြစ်၊ ရုံးသမားပဲဖြစ်ဖြစ် ဒီလိုနေ့ဆိုရင်တော့ ရုံးကို၊ ကျောင်းကို လက်ဆောင်ပစ္စည်းပို့ပြီး သူ့ထက်ငါအပြိုင်အဆိုင်ရိုနေကြတဲ့သူတွေကို မတွေ့ချင်ပေမဲ့ တွေ့နေရမှာပါပဲ။ သင်ဝမ်းနည်းချင် ဝမ်းနည်းလို့ရတယ်။ ဒါပေမဲ့ အရမ်းဆိုးဆိုးတော့မတွေးပါနဲ့။ ချစ်သူများနေ့မှာ ချစ်သူမရှိတာက အမေများနေ့၊ အဖေများနေ့မှာ အမေ၊ အဖေ မရှိတာလောက်မဆိုးသေးပါဘူး။ သာမန်နေ့တစ်နေ့လိုပဲသဘောထားလိုက်ပါ။

(၂) ကိုယ့်ကိုယ့်ကိုယ်ကြင်နာပါ
သင့်ကိုယ်သင် ပန်းစည်းဝယ်ပေးလို့ရတယ်၊ ကိတ်မုန့်ဝယ်ကျွေးလို့ရတယ်။ ကိုယ်ကြိုက်တဲ့ပစ္စည်းတွေကို ကိုယ့်အတွက်ဝယ်ပေးလို့ရတယ်။ ဒီနေ့ရဲ့အဓိကအချက်က ကိုယ်ချစ်တဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးလိုက်ဖို့ပါ။ ချစ်သူမရှိဘူးဆိုရင် ဒီလိုနေ့က ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ ဂရုစိုက်ဖို့အကောင်းဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ်မချစ်တတ်ရင် သူများကကိုယ့်လာချစ်ဖို့လည်းခက်ပါတယ်။ လာချစ်ပြတယ်ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်၊ မချစ်ခင်တဲ့သူကို ဘယ်သူမှကြာကြာမလေးစား၊ မချစ်ခင်ပါဘူး။

(၃) မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ပျော်ပျော်နေ
ကိုယ်ချစ်တဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်းတွေက အတွဲကိုယ်စီနဲ့ မအားဘူးဆိုရင်တောင် ကိုယ့်မိသားစုဝင်တွေနဲ့မုန့်လုပ်စားတာ၊ မုန့်ထွက်စားတာအပြင် ကိုယ်ချစ်ရတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေရှိရင်လည်း သူတို့လေးတွေကို ရေမိုးချိုးပေးပြီး အတူကစားလို့လည်း ရပါသေးတယ်။ အဓိကက ချစ်ခြင်းမေတ္တာတွေကိုပြသဖို့ပဲမလား။

(၄) ကောင်းမှုတစ်ခုခုလုပ်
ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ ကောင်းမှုကုသိုလ်လုပ်တာကို အားပေးကြတာချည်းပါပဲ။ ဒီလိုနေ့မျိုးလေးမှာ သွေးလှူမလား၊ မိဘမဲ့ကျောင်းတွေကိုပိုက်ဆံလှူမလား၊ ဘိုးဘွားရိပ်သာမှာလုပ်အားပေးမလား၊ နောက်ပြီး စေတနာ့ဝန်ထမ်းလုပ်မလား။ ဒါမှမဟုတ်သေးရင် အိမ်က ကိုယ်မဖတ်တော့တဲ့စာအုပ်တွေ၊ မဝတ်တော့တဲ့အင်္ကျီတွေကို လိုအပ်နေတဲ့နေရာတွေလှူမလား။ သင့်ကြောင့် တစ်စုံတစ်ယောက်စိတ်ချမ်းသာသွားရရင် ဒီလိုနေ့လေးက ပြည့်စုံသွားတာပဲမလား။

ဒီနေ့လေးမှာ ချစ်သူစုံတွဲတွေတင်မကဘဲ လူသားတိုင်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။ ပျော်နေတဲ့စုံတွဲတွေကိုလည်း ထိခိုက်နစ်နာအောင် နင်ပဲငဆမပြောကြစေချင်သလို၊ စုံတွဲမရှိသူတွေကလည်း ကိုယ်ချစ်တဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Valentine’s Day ကို ကိုယ့်အနေနဲ့ ဘယ်လိုဖြတ်သန်းဖြစ်ခဲ့လဲဆိုတာလည်း ပြောပြခဲ့ပါဦးနော်။

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top