တစ်ယောက်တည်း အလည်အပတ်ခရီးထွက်တော့မယ်ဆိုရင်

yyl-026.jpg

ဒီဘက်ခေတ်မှာ တစ်ကိုယ်တည်းခရီးသွားကြတဲ့ပုံစံကို ပိုကြိုက်နှစ်သက်လာသူတွေ

များပြားလာပြီဖြစ်ပါတယ်။ စွန့်စားရတာကို နှစ်သက်သူတွေအဖို့တော့ တစ်ကိုယ်တည်း ခရီးထွက်ကြည့်တာဟာ တကယ့်ကိုစိန်ခေါ်မှုတစ်ရပ်ပါ။ တစ်ကယ်လို့သာ တစ်ယောက်ထဲခရီးထွက်ဖို့ အတွေးရှိရင်တော့ ကြိုတင်သိထားသင့်တာလေးတွေ ရှိပါတယ်။

၁။ ကိုယ့်ခွန်အားကို ချင့်ချိန်ပါ

သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆက်သွယ်လို့မလွယ်ကူတဲ့နေရာရောက်သွားရင် ကိုယ်ဟာ ဘယ်လိုနေထိုင်နိုင်မလဲ ကြိုတွေးထားပါ။ ရောက်ရှိရာဒေသရဲ့ ပတ်ဝန်းကျင်က လူတွေဆီကနေ စုံစမ်းမေးမြန်းဖို့ကို တုံ့ဆိုင်းမနေပါနဲ့။

၂။ အိပ်ဖို့နေရာ စီစဉ်ပါ

အိမ်တွေဆီက အခန်းငှားတာမျိုး အသိမိတ်ဆွေတစ်ယောက်ယောက်ရဲ့ အိမ်တွေမှာ ခဏငှားနေတာမျိုးတွေက ဒေသခံလူတွေနဲ့ ပိုမိုဆက်သွယ်န်ိုင်အောင် ကူညီပေးမှာပါ။ တစ်ယောက်တည်း ခရီးသွားလာသူတစ်ယောက်အနေနဲ့ ရွေးချယ်စရာတော့ များပါတယ်။ ဒီအချက်ကို ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေထဲထည့်ထားပါ။

၃။ မကြောက်ပါနဲ့

အချိန်အကြာကြီး တစ်ယောက်တည်း သွားလာလှုပ်ရှားရမှာ ကြောက်တဲ့စိတ်ကို ခေါင်းထဲက နှင်ထုတ်ထားလိုက်ပါ။ လမ်းခရီးတစ်လျှောက် က်ိုယ့်ကိုယ်ကိုယ်အဖော်ပြုရင်းနဲ့ကိုယ့်ကိုကိုယ် ပိုချစ်တတ်လာပါလိမ့်မယ်။ လမ်းခရီးမှာ မိတ်ဆွေအသစ်တွေတောင် ရချင်ရလာနိုင်ပါသေးတယ်။

၄။ ဓာတ်ပုံများများရိုက်ပါ

ရောက်ရှိရာဒေသတိုင်းမှာ ဓာတ်ပုံမှတ်တမ်းတင်ဖို့ မမေ့ခဲ့သင့်ပါဘူး။ နေရာဒေသတိုင်းရဲ့ အလှအပတွေအပြင် ကွဲပြားတဲ့ရှုထောင့်နေရာတွေကနေ ရှုခင်းတွေကို ခံစားပြီး ဓာတ်ပုံများများသာရိုက်ယူဖို့ မမေ့ပါနဲ့။

၅။ များများစားပါ

အမြန်စာတွေအစား အရသာရှိတဲ့ ဒေသထွက်စားစရာတွေ များများသာ စမ်းသပ်စားသောက်ကြည့်ပါ။ တစ်ယောက်တည်း အစားစာရလို့လည်း ဘာမှအားမငယ်နေပါနဲ့။ ဆိုင်ထဲက ဝန်ထမ်းတွေ စားပွဲထိုးတွေက ကိုယ့်ကိုကူညီပေးဖို့ ကိုယ်လိုတာမှာလို့ရအောင် စောင့်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။ အရသာသစ်တွေကို စူးစမ်းခဲ့ပါ။

၆။ မိသားစုမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ပါစေနဲ့

facebook တို့ Twitterတို့ Instagramတို့လို လှုမှုကွန်ယက်တွေကနေ ကိုယ်ဘယ်တွေသွားနေတယ်ဆိုတာ ကိုယ့်မိသားစုမိတ်ဆွေတွေသိအောင် ပြုလုပ်ထားပါ။လမ်းခရီးမှာသင်တစ်ခုခုလိုအပ်လာရင် သူတို့ဆီက အကြံဥာဏ်ကောင်းတွေ တောင်းခံနိုင်ပါတယ်။

၇။ လုံခြုံမှုကို အမြဲသတိရှိနေပါစေ

တစ်ယောက်တည်း ခရီးသွားခြင်းအတွက် အရေးအကြီးဆုံးအချက်​ပါပဲ။ ပျော်ရွှင်ရဖို့အပြင် ဘေးကင်းနေဖို့ကလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ခရီးစဉ်တစ်လျောက်လုံးမှာ နိုးနိုးကြားကြားနေပါ။ ညဘက်တွေမှာ ပိုသတိရှိပါ။ သတိထားဖို့လိုပါတယ်။

Sophia(ရိုးရာလေး)

Ref: Roughguides: Top tips for surviving solo travel

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top