ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲပြင် လျှောစီး နေရာ၅ခု

image001.jpg

ဆောင်းရာသီမှာ အပြင်မှာကတော့ အေးမှာဘဲ။ ဒါပေမယ့် အိပ်ရာထဲအချိန်ပြည့် ကွေးနေတာကတော့ ပျော်ဖို့မကောင်းဘူး။ ဆောင်းရာသီမှာ အချိန်ကိုအကျိုးရှိရှိ ပျော်ရွှင်နိုင်စေဖို့ အခုအချိန်က ကိုယ့်ရဲ့ နားရွက်ဖုံးသိုးမွှေးတွေ၊ လက်အိပ်ထူပွပွတွေကိုထုတ်ပြီး ဒီလိုအရမ်းလှတဲ့ ရေခဲပြင်လျှောစီးတဲ့နေရာကို စကိတ်တွေယူသွားလိုက်ပါ။

Rideau Canal Skateway, Ottawa, Canada

Ottawa မှာရှိတဲ့ Redeau Canal Skateway ရေခဲ့ပြင်ဟာ အနည်းဆုံး၃ဝစင်တာမီတာ (၁၂ လက်မ) လောက်ထူပြီးတော့ ဇန်နဝါရီလကနေ မတ်လလယ်ထိဖွင့်ပါသတဲ့။ ဂင်းနစ်မှတ်တမ်းမှာလည်း အကြီးဆုံးရေခဲပြင် လျှောစီးတဲ့နေရာလို့ သတ်မှတ်ခြင်းလည်းခံရပါတယ်။ အရှည်က ၇.၈ကီလိုမီတာရှည်ပြီးတော့ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ Rideau Canal ဟာ မြို့ရဲ့အလယ်တည့်တည့်မှာတည်ရှိပါတယ်။ ဝင်ကြေးကတော့ အခမဲ့ဖြစ်ပြီးစကိတ်တွေကိုတော့ ငှားလို့ရပါတယ်။ (စကိတ်သွားကို ချွန်တဲ့နေရလည်းရှိပါတယ်။) စွတ်ဖားအနီရောင် တောက်တောက်တွေကို လည်းငှားနိုင်ပြီးတော့ စကိတ်မစီးတတ်တဲ့သူတွေကိုလည်း ဆွဲခေါ်သွားလို့ရပါတယ်။ စကိတ်စီး အားကစားသမားတွေကလည်း Winterlude ဆိုပြီးကျင်းပတဲ့ပွဲကိုလည်း သွားသင့်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ပွဲဖြစ်ပြီးတော့ ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ၁၉ရက်နေ့ထိ ၃ပတ်ကြာကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ရေခဲပန်းပုများ၊ စကိတ်စီးပြိုင်ပွဲများနဲ့ ရေခဲဟော်ကီပြိုင်ပွဲများ၊ စကိတ်ကသရဲတွေရဲ့ အလှစကိတ်စီးပြပွဲများလည်းကျင်းပပြုလုပ်လေ့ရှိပါတယ်။

 

Wiener Eistraum ice rink, Vienna, Austria

ဒီ Weiner Eistraumရေခဲပြင် (ရေခဲအိပ်မက် ဟုအဓိပ္ပါယ်ရသော ရေခဲပြင်) ဟာ Austria နိုင်ငံရဲ့ InnereStadt ပြည်နယ် Rathaus ဆိုတဲ့ မြို့တော်ခန်းမနားရှေ့မှာ တည်ရှိပါတယ်။ အဲ့ဒီရေခဲပြင်ဟာဒီဇင်ဘာလကနေမတ်လ ၄ရက်နေ့ထိဖွင့်ပါတယ်။ ၈၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး ဘောလုံးကွင်းအရွယ်အစားလောက်ရှိပါတယ်။ ဒီရေခဲပြင်ရဲ့ထူးခြားချက်ကတော့ ရေခဲပြင်ရဲ့လမ်းကြောင်းဟာပန်းခြံတွေ သစ်ပင်တွေကို ဖြတ်သွားပြီး ရေခဲပြင်သေးသေးလေး ၂ခုကို ဆက်ထားပါတယ်။ တစ်ခုကကလေးတွေ အတွက်ဖြစ်ပြီး ပင်ကွင်းအကူများကိုလည်း ကလေးတွေအတွက် ထားထားပေးပါတယ်။ စကိတ်မစီးရင်လည်း အနီးနားမှာရှိတဲ့ သစ်သားတန်းတွေက ဆိုင်တွေမှာ ဒေသန္တာရအစားအစာတွေကို ဝယ်စားနိုင်ပါတယ်။
စကိတ်စီးဝင်းကြေး လူကြီး – ၇.၅ ယူရို၊ စကိတ်ငှားခ – ၇ယူရို (မြန်မာငွေတစ်သောင်းဝန်းကျင်)

 

Ice rink at Accorhotel Arena, Paris

ဒီAccorhotels Arena ဆိုတဲ့ ရေခဲပြင်စကိတ်ကွင်းဟာဘာစီအားကစားနှင့် ဖျော်ဖြေရေးနေရာရဲ့ မြေအောက်ထပ်မှာတည်ရှိပြီးတော့ ၃နှစ်တိုင်တိုင် ရှိပြီဖြစ်တဲ့ စကိတ်ကွင်းဖြစ်ပါတယ်။ ၅၆ မီတာ (၁၈၄၀ ပေ) ရှည်ပြီးတော့ တစ်ချိန်တည်းမှာဘဲစကိတ်စီးတဲ့သူ ၅၀၀လောက်ကို ဆန့်ပါတယ်။ လူကြီးတစ်ယောက်ဝင်ကြေး – ၅.၅ ယူရို၊ စကိတ်ငှားခ – ၃.၅ ယူရို (မြန်မာငွေ ၅၀၀၀ ဝန်းကျင်)

 

Hyde Park Winter Wonderland, London

Hyde Park Winter Wonderland ကတော့ ၆ပတ်ကြာဖွင့်တဲ့ ဆောင်ရာသီးလှုပ်ရှားမှုတစ်ခုဖြစ်ပြီးတော့ လူတိုင်းအခမဲ့ ပါဝင်နိုင်ပါတယ်။ ဒီမှော်ဝင်ရေခဲမြို့တော်ကြီးကတော့ အရင်နှစ်ကထက် ၂ဆလောက် ကြီးလာတဲ့အပြင် နှင်းတွေနဲ့ ရေခဲပန်းပုတွေကိုလည်း ပြုလုပ်ထားပေးပါတယ်။ အဲ့ဒီရေခဲပြင်ဟာအင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံးရေခဲပြင်ကြီးဖြစ်ပြီးတော့ စတုရန်းပေ ၁၆၀၀ ပတ်လည်ကျယ်ဝန်းပါတယ်။ မီးရောင်စုံပေါင်း ၁သိန်းကျော်တပ်ဆင်ထားပြီးတော့ နေ့ကောညကောသီချင်းတွေလည်းဖွင့်ပေးထားပါတယ်။
ဝင်ကြေးကတော့ လူကြီးအတွက် ၉.၅ ယူရိုကျသင့်ပြီးကလေးအတွက်ကတော့ ၈.၅ ယူရိုကျသင့်ပါတယ်။ တစ်ခါစီးရင် မိနစ်၅၀လောက်စီးနိုင်တဲ့အတွက် အဲ့ဒီကိုသွားဖို့ အဆင်သင့်ပြင်လိုက်ပါတော့။

 

Rockefeller Ice Rink & Central Park Ice Rink, New York

ဒီရေခဲပြင်ကတော့ Rockefeller Centre ရဲ့အဓိကနေရာ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေခဲတွေကတော့ အမြဲတမ်းရှိမနေပါဘူး။ ၁၉၃၆ ခုနှစ်ခန့်က Cleveland က အင်ဂျင်နီယာတစ်ဦး ဟာ ယာယီရေခဲပြင် ဆောက်လိုက်တာ ကနေ ပုံသေရေခဲပြင်ဖြစ်သွားခဲ့ပါတယ်။ အကျယ်က ၁၂၂ပေ ၅၀ပေ ပဲရှိတဲ့အတွက် တစ်ချိန်ထဲကိုပဲ စကိတ်စီးတဲ့သူ ၁၅ဝပဲဆန့်ပါတယ်။

 

Central Park Wollman ice rink (c) Kelly Kopp

နောက်ထပ် အံ့ဩစရာကောင်းတဲ့ နေရာတစ်နေရာကတော့ အမေရိကန်နိုင်ငံ Central Park က Wollmanရေခဲပြင်ဘဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရန့်ကပိုင်ဆိုင်ပါတယ်။မိုးမျှော်အဆောက်အဦးတွေရဲ့အပေါ်ကနေရှုခင်းတွေကနေကြည့်ရင်လည်းအရမ်းလှပြီးစဆောက်တဲ့အချိန်တုန်းကထက်လည်း ၄ဆလောက်ကြီးပါတယ်။ ဝင်ကြေးကတော့ ၁၂ဒေါ်လာပါ။ အခုလိုအေးချမ်းလှတဲ့ဆောင်းရာသီမှာနောက်ကမ္ဘာတစ်ခြမ်းမှာရှိတဲ့ အပျော်စကိတ်စီးရေခဲပြင်တွေဆီမသွားချင်ကြဘူးလား။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top