ပြတင်းပေါက်ကပြုတ်ကျလာတဲ့ကလေးငယ်ကို လေထဲမှာပွေ့ဖမ်းပြီး အသက်ကယ်ခဲ့တဲ့လူငယ်

65442550_2452436901453882_4847826885184323584_n.jpg

ပြတင်းပေါက်ကနေပြုတ်ကျလာတဲ့ကလေးငယ်ကို ဆယ်ကျော်သက်လူငယ်တစ်ဦးက ပွေ့ဖမ်းပြီး အသက်ကယ်တင်ပေးခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် လူငယ်လေး ဇာဘတ်ဟာ ဇွန်လ (၂၇) ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ လမ်းလျှောက်နေတုန်း ပြတင်းပေါက်မှာ (၂) နှစ်အရွယ် ကလေးငယ်တစ်ယောက် တွဲလောင်းဖြစ်နေတာကိုလှမ်းမြင်ခဲ့တာပါ။

ဇာဘတ်သာမကယ်ခဲ့ရင်တော့ ကလေးငယ်ရဲ့အခြေအနေက မတွေးဝံ့စရာပါ

”ကျွန်တော် လမ်းထိပ်ကနေ လမ်းထဲဝင်လာချိန်မှာ ဒီလူက အပေါ်ကိုမော့ကြည့်နေလို့ သတိထားမိသွားတာပါ။ ကောင်မလေးတစ်ယောက် ပြုတ်ကျတော့မလိုဖြစ်နေတာ မြင်လိုက်ရတယ်။ ခြင်္သေ့လိုသတ္တိကောင်းတဲ့ဒီလူက ကလေးငယ်ကို လေထဲမှာဆီးဖမ်းပြီး သူ့မိသားစုထံ ပြန်ပို့ပေးခဲ့ပါတယ်”လို့ ဒီဖြစ်ရပ်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့သူ ဘာယီရာက ပြောပါတယ်။ ဇာဘတ်သာမကယ်ခဲ့ရင်တော့ ကလေးငယ်ရဲ့အခြေအနေက မတွေးဝံ့စရာပါပဲ။

ဇာဘတ်က မိန်းကလေးငယ်ကိုပွေ့ဖမ်းပေးခဲ့ပြီးနောက်မှာ သူ့အနားကို လူတွေဝိုင်းအုံလာခဲ့ကြပါတယ်

ဇာဘတ်က မိန်းကလေးငယ်ကိုပွေ့ဖမ်းပေးခဲ့ပြီးနောက်မှာ သူ့အနားကို လူတွေဝိုင်းအုံလာခဲ့ကြပါတယ်။ ပြတင်းပေါက်ကနေ ပြုတ်ကျလာတဲ့ မိန်းကလေးငယ်က ဆီးရီးယားနိုင်ငံသူဖြစ်ပြီး သူ့ကိုအသက်ကယ်ခဲ့တဲ့လူငယ် ဇာဘတ်ကတော့ အယ်လ်ဂျီးရီးယားနိုင်ငံသားဖြစ်ပါတယ်။ သမီးငယ်ကိုအသက်ကယ်ပေးခဲ့လို့ ဖခင်ဖြစ်သူ ယူဆွတ်မိုဟမ်မတ်က ဇာဘတ်ကို ဆုချခဲ့ပါတယ်။

Video Link – http://tiny.cc/2a7x8y

Nz (ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top