Suzy,Yoona နဲ့ IU တို့မှာ ရှိတဲ့ လက်ထပ်ဖို့စိတ်ကူး ကဘယ်လိုမျိုးလဲ ?

su.jpeg

မိန်းကလေး တော်တော်များများက တစ်နေ့ကျရင် ခမ်းခမ်းနားနား လက်ထပ်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက် နဲ့ကြီးပြင်းလာကြတာပါ။ ဒီလိုပဲ ကိုရီးယား ဆယ်လီမမတွေမှာလည်း ဒီအိမ်မက်မျိုး ရှိတာပေါ့။ Suzy ၊ Yoona နဲ့ IU တို့မှာ အနာဂတ် မင်္ဂလာဆောင် နဲ့ပတ်သက်ပြီး စိတ်ကူး အသီးသီး ရှိထားပါတယ်။ဘယ်လိုမျိုးရှိကြလဲဆိုတာ ကြည့်ရအောင်…

Miss A အဖွဲ့ဝင် Suzy

ပရိသတ်တွေတော်တော်များများက Suzy နဲ့ မင်းသား လီမင်ဟို ကို ဖူးစာပါမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် သူတို့နှစ်ဦးသား ၂၀၁၇ ခုနှစ်မှာ လမ်းခွဲပြီး ကတည်းက Suzy လက်ထပ်ပွဲက အကြာကြီး ကြာဦးမှာပါ။ မကြာသေးခင်ကမှ ပေါ်ထွက်ခဲ့တဲ့ သတင်းအရ Suzy က Goblin ဇာတ်ကားထဲက ဦးလေးကြီး  Lee Dong Wook နဲ့ တွဲနေပြီ ဆိုတဲ့ သတင်း ပေါ်ထွက်ခဲ့ပါသေးတယ်။

“Off the Record”အစီအစဉ်မှာ Suzyကိုအသက်၃၄ လောက်ရောက်ရင်လက်ထပ်ဖြစ်မယ်ထင်လားမေးတော့ သူမက “ထင်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဗေဒင်ဆရာမက သူမကို အသက် ၃၄ နှစ်မှာ လက်ထပ်ရကိန်းမြင်တယ် ပြောထားလို့ပဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ မင်းသမီးက သူမရဲ့ သတို့သားလောင်း ကိုလူချောနဲ့ဘယ်အချိန်ဖူးစာဆုံမလဲဆိုတာက တော့ စောင့်ကြည့်ရမှာပါ။

Girls’ Generation အဖွဲ့ဝင် Yoona

၂၀၁၂ တုန်းက Entertainment Relay က ထုတ်ဝေခဲ့တဲ့ “Guerrilla Date” အပိုင်းတွဲမှာ Yoona က သူမလက်ထပ်ချင်တဲ့ ပုံစံမျိုးကို ပြောသွားပါတယ်။ အဲ့အချိန်တုန်းက Yoona က အသက် ၂၂ နှစ်သာရှိသေးပြီး သူမလက်ထပ်ချင်တဲ့ အသက်အရွယ်က ၃၂ နှစ်မှာပါတဲ့။ ဒီမေလမှာ သူမက အသက် ၂၈ နှစ်ပြည့်မှာဖြစ်ပြီး သူမရဲ့ လက်ထပ်ပွဲ ရောက်ဖို့ဆို လေးနှစ်လောက်ပဲ လိုပါတော့တယ်။

Yoona ရဲ့စိတ်ကူးယဉ်လက်ထပ်ပွဲက ရိုးရိုးလေးပဲ indoors ကျင်းပမှာပါ။ အင်တာဗျူးတဲ့လူက Yoona ကို မင်္ဂလာသီချင်းနဲ့ အခမ်းအနားမှူး ရွေးထားပြီးပြီလားမေးတော့ သူမက အားရပါးရ ရယ်ပါတယ်။လက်ထပ်ဖို့ အလောတကြီး မစဉ်းစားသေးပါဘူးလို့ လည်း သူမကပြန်ပြောခဲ့ပါတယ်။

ဒီသတင်းကြားတော့ သူမရဲ့ fans တွေ စိတ်အေးကြမယ်ထင်ပါရဲ့။

IU

၂၀၁၂ မှာ IU က “Strong Heart” အစီအစဉ်မှာ သူမရဲ့လက်ထပ်ပွဲ စိတ်ကူးအကြောင်းဖွင့်ပြောခဲ့ပါတယ်။ Suzy နဲ့ Yoona တို့လို မဟုတ်ဘဲ IU က သူမဘယ်အသက်အရွယ်မှာ အတိအကျလက်ထပ်ချင်တယ် မတွေးထားသေးပါဘူး။ အလှတရား နဲ့ ကျော်ကြားမှု ဂုဏ်ရှိန်ရှိနေဆဲ ငယ်တုန်းရွယ်တုန်းမှာ လက်ထပ်ချင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ လက်ထပ်ပြီးတာနဲ့ ဇနီးကောင်းတစ်ယောက်တာဝန်ကျေပွန်ဖို့ပဲ အာရုံစိုက်တော့မှာ ဖြစ်လို့ အနုပညာလောက ကနေ အနားယူမှာဖြစ်ပြီး သူမရဲ့ ဘဝပန်းတိုင်က ပျော်ရွင်ဖွယ်ရာ မိသားစုဘဝလေး ပိုင်ဆိုင်ချင်ကြောင်းပြောသွားပါတယ်။ တစ်နှစ်ပြီး တစ်နှစ် IU ကပိုပိုလှလာပြီး ပိုပိုအောင်မြင်လာပါတယ်။ ဒါပေမဲ့ သူမရဲ့လက်ထပ်မင်္ဂလာသတင်းကို ကြားဖို့က အလှမ်းဝေးနေပါသေးတယ်။ အခုအချိန်မှာ အသေအချာပြောနိုင်တာ တစ်ခုကတော့ သူမသာ လက်ထပ်ဖြစ်ရင် ကမ္ဘာမှာ မြင်ဖူးသမျှ သတို့သမီးတွေထဲမှာ အချောဆုံး အလှဆုံးဖြစ်နေတယ်ဆိုတာပါပဲ။

Ref: koreaboo.com/suzy-yoona-iu-want-get-married/
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top