ဂရမ်မီဆုပေးပွဲမှာ အဓိကဆုကြီး (၄) ဆုကို တစ်ဦးတည်းအကုန်သိမ်းပိုက်ခဲ့တဲ့ ဘီလ်လီ အီလစ်ချ်

yyl-009-17.jpg

အသက် (၁၈) နှစ်သာရှိသေးတဲ့ အဆိုတော် ဘီလ်လီ အီလစ်ချ်ဟာ ၂၀၁၉ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ အဓိကဆုကြီး (၄) ဆုအပါအဝင် စုစုပေါင်း ဂရမ်မီဆု (၅) ဆုကို ဆွတ်ခူးသိမ်းပိုက်သွားခဲ့ပါတယ်။ သူဟာ အခြားနာမည်ကြီး အနုပညာရှင်တွေနဲ့အတူ အသက်ငယ်ငယ်လေးနဲ့ ဂရမ်မီဆုပေးပွဲသမိုင်းမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။

ဘီလ်လီက ဂရမ်မီဆုပေးပွဲမှာ အဓိကဆုကြီး (၄) ဆုဖြစ်တဲ့ Best New Artist, Record of the Year, Album of the Year, Song of the Year တို့ကို ရရှိခဲ့တဲ့အပြင် Best Pop Vocal Album ဆုကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။ သူဟာ Album of the Year ဆုကိုရရှိခဲ့တဲ့ အသက်အငယ်ဆုံး တစ်ကိုယ်တော်အဆိုတော် တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ အရင်တုန်းက တေလာ ဆွစ်ဖ် (Taylor Swift)ဟာ ဒီမှတ်တိုင်ကို စိုက်ထူခဲ့တာဖြစ်ပြီး အသက် (၂၀) အရွယ်မှာ “Fearless” အယ်လ်ဘမ်နဲ့ Album of the Year ဆုကို ရရှိခဲ့ပါတယ်။

Album of the Year ဆုအတွက် ဘီလ်လီနဲ့အတူ ဆန်ကာတင်စာရင်းဝင်သူတွေကတော့ ဘွန် အီဗာ (Bon Iver)၊ လာနာဒယ်ရေး (Lana Del Rey)၊ အာရီယာနာ ဂရန်ဒီ (Ariana Grande)၊ H.E.R.၊ Lil Nas X၊ လစ်ဇ်ဇို (Lizzo)၊ Vampire Weekend တို့ဖြစ်ပါတယ်။

ဘီလ်လီက Album of the Year ဆုကို လက်ခံရယူနေစဉ်မှာ အရမ်းအံ့သြသွားခဲ့တဲ့ပုံပါပဲ။ “ဒီဆုကိုအာရီယာနာနဲ့ ထိုက်တန်တယ်လို့ ကျွန်မပြောနိုင်ပါတယ်” လို့ ပြောပါတယ်။ သူက Record of the Year၊ Album of the Year၊ Song of the Year၊ Best New Artist ဆုတို့ကို တစ်နှစ်တည်းမှာရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးနဲ့ အငယ်ဆုံးအဆိုတော်လည်းဖြစ်ခဲ့ပါတယ်။ ၁၉၈၁ခုနှစ်က ခရစ်စတိုဖာ ခရော့စ် ဆိုတဲ့ အမျိုးသားအဆိုတော်ဟာ ဒီဆုတွေကို တစ်နှစ်တည်းမှာ ရရှိခဲ့တဲ့ ပထမဆံးအနုပညာရှင်ဖြစ်ခဲ့ပါတယ်။

ဘီလ်လီဟာ ဂရမ်မီဆုပေးပွဲမှာ ဆန်ကာတင်စာရင်း (၆) ခု ဝင်ခဲ့တာပါ။ ဆန်ကာတင်စာရင်း (၈) ခုဝင်ခဲ့တဲ့ လစ်ဇ်ဇိုကတော့ ဆု (၃) ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Ref: Billie Eilish has a history-making night at the Grammys

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top