Box Office မှာ နှစ်ပတ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ Kung Fu Panda 4

18.3.24-yyl-2.jpg

Kung Fu Panda 4 ဇာတ်ကားဟာ ရုံတင်ပြီး ၂ ပတ်မြောက်တဲ့အထိ North American box office ရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ဒီအန်နီမေးရှင်းဇာတ်ကားက လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့တာပါ။

ဒီဇာတ်ကားရဲ့ ပထမဆုံးဇာတ်ကားကို ၂၀၀၈ ခုနှစ်ကစပြီး ပြသခဲ့စဉ်က Box Office မှာ ၁.၉ ဘီလျံရရှိခဲ့ပြီး နာမည်ကြီးဇာတ်ကားဖြစ်ခဲ့တာပါ။ မြောက်အမေရိကရှိ ၄၀၆၇ နေရာတွေမှာ ပြသနေတဲ့ Kung Fu Panda 4 က ပြည်တွင်းမှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁၀၇ သန်းရရှိထားပြီးဖြစ်ပါတယ်။

Box Office ရဲ့ဒုတိယနေရာမှာရှိနေတာကတော့ ကန်ဒေါ်လာ ၂၉.၁ သန်းနဲ့ ရုံတင်တာ ၃ ပတ်မြောက်ပြီဖြစ်တဲ့ Dune Part Two ပါပဲ။ ပြီးခဲ့တဲ့အပတ်ကထက် ၃၇ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။ အခုဆို ပြည်တွင်းမှာ ရုံတင်ငွေ ကန်ဒေါ်လာ ၂၀၅ သန်းရရှိထားပြီဖြစ်ပါတယ်။

Ref: ‘Kung Fu Panda 4’ repeats at No. 1 on the box office charts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top