အက်ဖ်အေဖလားမှာ ချဲလ်ဆီး-လီဗာပူး၊ ရွန်နီရဲ့ဒါဘီနဲ့ မန်ယူအသင်း တွေ့ဆုံဖွယ်ရှိ

yyl-008-16.jpg

အက်ဖ်အေဖလား ပဥ္စမအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ လီဗာပူးအသင်း တွေ့ဆုံဖွယ်ရှိနေပြီး ဒါဘီတိုက်စစ်မှူး ရွန်နီကလည်း အသင်းဟောင်း မန်ယူနဲ့ ပြန်လည်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လီဗာပူးဟာ ရှရူးဘယ်ရီနဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲမှာ အနိုင်ရခဲ့ရင် ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ရွန်နီရဲ့ဒါဘီအသင်းကတော့ နော့သမ်ပတန်တောင်းအသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် မန်ယူအသင်းနဲ့ တွေ့ဆုံမှာပါ။ အက်ဖ်အေဖလား လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ရှက်ဖီးဝမ့်နက်စဒေးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဆောက်သမ်တန်-စပါးပွဲစဉ်မှာ အနိုင်ရတဲ့အသင်းကတော့ နောဝစ်ချ်အသင်းနဲ့ ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top