ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်မှားယွင်းပြီး ပင်နယ်တီပေးခဲ့ပေမဲ့ ပင်နယ်တီကို တမင်တကာဘေးကန်ထုတ်ပြီး ရှင်းသန့်တဲ့အားကစားစိတ်ဓာတ်ပြသခဲ့လို့ ဂါလာတာစာရေး ယူ-၁၄ အသင်းခေါင်းဆောင်ကို ဘောလုံးရပ်ဝန်းက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ အစ္စတန်ဘူလ်စပေါနဲ့ ဂါလာတာစာရေး ယူ-၁၄ အသင်း ကစားခဲ့တဲ့ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ပင်နယ်တီရခဲ့ပါတယ်။
အယ်မက်ဇ်ဘီကော့က ဘယ်တောင်ပံကနေ ဂိုးဧရိယာထဲဆွဲဝင်လာချိန်မှာ ဟန်ချက်ပျက်ပြီး ဂိုးဧရိယာထဲ လဲကျသွားခဲ့ပါတယ်။ အနှေးပြကွက်တွေအရတော့ အစ္စတန်ဘူလ်စပေါအသင်း နောက်ခံလူနဲ့ အယ်မက်ဘီကော့ဗ် ထိမိခဲ့ခြင်းမရှိပါဘူး။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့လို့ အစ္စတန်ဘူလ်စပေါအသင်း ကစားသမားတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက် (၁၃) နှစ်အရွယ်ရှိတဲ့ အယ်မက်ဇ်ဘီကော့က ပင်နယ်တီကို တမင်တကာဘေးကန်ထုတ်ပြီး အချောင်အခွင့်အရေးမလိုချင်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ကာဂျစ်စတန်လူငယ်ကစားသမား အယ်မက်ဇ်ဘီကော့ရဲ့ လုပ်ရပ်ကို ပြိုင်ဘက်အသင်း ကစားသမားတွေက ဂုဏ်ပြုပြီး လက်ကမ်းကြိုဆိုခဲ့ကြပါတယ်။
Nz (ရိုးရာလေး)