မက်ဆီအပေါ် တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗက်စ်

66633509_2471849679512604_475915542134259712_n.jpg

ကိုပါအမေရိကပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးအသင်း ဗိုလ်စွဲအောင် အကွက်ချစီစဉ်ထားတယ်ဆိုတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီရဲ့ စွပ်စွဲမှုကို ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗက်စ်က တုံ့ပြန်ခဲ့ပါတယ်။ မက်ဆီဟာ ချီလီကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တတိယနေရာလုပွဲမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရလို့ ဒေါသထွက်ခဲ့ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်ခဲ့တာပါ။ မက်ဆီနဲ့ ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှာ (၁၂) နှစ်ကြာ တွဲကစားခဲ့သူတွေဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ ဒါပေမဲ့ မက်ဆီက ဘရာဇီးအသင်းဖော်တွေအပေါ် လေးစားမှုကင်းမဲ့တဲ့အတွက် အခုလို တုံ့ပြန်ရတာလို့ ဒန်နီအဲလ်ဗက်စ်က ပြောပါတယ်။

”သူက ကိုယ့်သူငယ်ချင်း ဖြစ်တာနဲ့ သူပြောတဲ့စကားတိုင်း အမှန်လို့ ယူဆဖို့မဖြစ်နိုင်ပါဘူး။ ဒေါသထွက်နေတဲ့အချိန် ဒီလို ပြောမိကောင်း ပြောမိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သဘောမတူပါဘူး။ ပထမဆုံးအနေနဲ့ သူက ဘရာဇီးလို အသင်းမျိုးအပေါ် လေးစားမှုကင်းမဲ့ရာရောက်ပါတယ်။ ဒုတိယအနေနဲ့ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တော်တော်များများ ပေးဆပ်ထားတဲ့ ပရော်ဖက်ရှင်နယ်တွေအပေါ် လေးစားမှုကင်းမဲ့ရာရောက်ပါတယ်။ ကျွန်တော်ကတော့ မိတ်ဆွေတွေနဲ့ပတ်သက်ရင် အမြဲတမ်းအမှန်အတိုင်း ပြောတတ်ပါတယ်။ အခုလိုမျိုး ပြောတာ သူမှားတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ဒန်နီအဲလ်ဗက်စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top