သူ့အသက်ကယ်ပေးခဲ့တဲ့ ဗြိတိန်အမျိုးသားကျန်းမာရေးဌာနကို ဖာဂူဆန် ငွေလှူဒါန်း

55460140_2302063429824564_5529283619186540544_n.jpg

မန်ယူဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်ဟာ ၂၀၁၈ ခုနှစ် မေလက သူ့ကို အရေးပေါ်ဦးနှောက်ခွဲစိတ်ပြီး အသက်ကယ်ပေးခဲ့တဲ့ NHS (ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာန) ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေါင် (၄၀၅၀၀၀) လှူဒါန်းခဲ့ပါတယ်။ အသက် (၇၇) နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ မေလက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရသူပါ။

ဖာဂူဆန်ဟာ လီဗာပူးနည်းပြ ဂျာဂန်ကလော့၊ မြောက်အိုင်ယာလန်နိုင်ငံသား သရုပ်ဆောင်မင်းသား ဂျိမ်းစ်နက်ဘစ်တို့ ပြီးခဲ့တဲ့သောကြာနေ့ညက မန်ချက်စတာဟိုတယ်မှာ ရန်ပုံငွေပွဲကျင်းပခဲ့ပြီး NHS အတွက် ရန်ပုံငွေပိုရအောင် လုပ်ပေးခဲ့တာပါ။ အဲဒီပွဲမှာ စကော့တလန်နိုင်ငံသား အမြွှာညီအစ်ကိုနှစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ The Proclaimers တေးဂီတအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top