ဟန်ဆောင်လှဲချမှုတွေ ဖြေရှင်းဖို့ VAR စနစ် အသုံးပြုဦးမှာမဟုတ်

yyl-018-5.jpg

ဟန်ဆောင်လှဲချမှုက ပရီးမီးယားလိဂ်မှာ ပြဿနာတစ်ရပ်ဖြစ်နေပေမဲ့ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုတွေကို ဖြေရှင်းဖို့အတွက် VAR (ဗီဒီယိုလက်ထောက်ဒိုင်စနစ်)အသုံးပြုမှာမဟုတ်ဘူးလို့ ဘောလုံးလောကရဲ့ စည်းမျဉ်းရေးဆွဲသူတွေက ပြောပါတယ်။ အင်္ဂါနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာ ဟန်ဆောင်လှဲချတဲ့ဖြစ်ရပ် တော်တော်များများရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းဘက်မှာ မက်ခ်နိုဘယ်၊ ဖရက်ဒရစ်တို့က ပင်နယ်တီရမလားဆိုပြီး ဟန်ဆောင်လှဲချခဲ့သလို ဗီလာကစားသမား ဝက်စ်လေကလည်း ထပ်ဆောင်းအချိန်ပိုမှာ ဟန်ဆောင်လှဲချခဲ့ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ဒင်းက ဒီဖြစ်ရပ်တွေကို ပင်နယ်တီမပေးခဲ့သလို ကစားသမားတွေကိုလည်း ဟန်ဆောင်လှဲချမှုအတွက် အဝါကတ်ပြ သတိပေးတာမျိုး မလုပ်ခဲ့ပါဘူး။ VAR စနစ်သာ အသုံးပြုမယ်ဆိုရင်တော့ ပြန်လှန်သုံးသပ်စစ်ဆေးမှုအရ ပင်နယ်တီရအောင် ဟန်ဆောင်လှဲချတဲ့ ကစားသမားကို အရေးယူနိုင်မှာဖြစ်ပါတယ်။ ဗီလာ-ဝက်စ်ဟမ်းပွဲစဉ်အပြီးမှာ ပရိသတ်တွေက ဟန်ဆောင်လှဲချမှုအတွက် VAR အသုံးပြုသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ VAR နဲ့ပတ်သက်ပြီး သူတို့ရဲ့ ဆွေးနွေးမှုတွေထဲမှာ ဟန်ဆောင်လှဲချမှုကို ထည့်သွင်းဆွေးနွေးခြင်းမရှိသေးသလို ဆွေးနွေးဖို့ အစီအစဉ်လည်းမရှိသေးဘူးလို့ ဘောလုံးလောက စည်းမျဉ်းရေးဆွဲရေးဘုတ်အဖွဲ့(IFAB)က ပြောပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top