ပွဲပြီးစာနယ်ဇင်းရှင်းလင်းပွဲမှာ သတင်းထောက်ကိုဖက်နမ်းခဲ့တဲ့ လက်ဝှေ့သမား ပြန်တောင်းပန်ဖို့ငြင်းဆန်

55448438_2302063599824547_7917854192511746048_n.jpg

ပွဲပြီးစာနယ်ဇင်းရှင်းလင်းပွဲမှာ အမျိုးသမီးသတင်းထောက်ကို ဖက်နမ်းခဲ့တဲ့ဖြစ်ရပ်အတွက် ဟဲဗီးဝိတ်လက်ဝှေ့သမား ကူဘရတ်ပူလက်က ပြန်တောင်းပန်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဘော့ဒန်ဒီနူကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အမျိုးသမီးသတင်းထောက် ဆူရှီက ကူဘရတ်ပူလက်ကို အနာဂတ်ကာလမှာ တိုင်ဆန်ဖျူရီနဲ့ ထိုးသတ်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

ကူဘရတ်ပူလက်က ”အစီအစဉ်ရှိတယ်”လို့ ပြန်ဖြေခဲ့ပြီးနောက်မှာ ဆူရှီကို နှုတ်ခမ်းချင်းနမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် ပရိသတ်တွေကဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ သတင်းထောက်ဆူရှီက သူ့သူငယ်ချင်းဖြစ်ပြီး ပွဲအပြီး အောင်ပွဲခံအခမ်းအနားကိုလည်း ပါဝင်ဆင်နွှဲခဲ့တယ်လို့ ကူဘရတ်ပူလက်က ပြောပါတယ်။

ကူဘရတ်ပူလက်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ အန်သိုနီဂျိုရှုအာနဲ့ ထိုးသတ်ဖို့စီစဉ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာကြောင့် ချန်ပီယံစိန်ခေါ်ပွဲပျက်ခဲ့ရတာပါ။ ကူဘရတ်ပူလက်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက တိုင်ဆန်ဖျူရီရဲ့ ညီဖြစ်သူ ဟူဂီဖျူရီကို အမှတ်နဲ့ အနိုင်ရခဲ့ဖူးသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top