အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဆန္ဒပြသူတွေ ဆုတ်ခွာ

32.jpg

အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်ဘက်မှာ နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဆန္ဒပြသူတွေ ဆုတ်ခွာသွားပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ အီရန်နိုင်ငံရဲ့ အထောက်အပံ့ရရှိထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို အမေရိကန်နိုင်ငံက လေကြောင်းတိုက်ခိုက်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ တုံ့ပြန်ခဲ့ပါတယ်။ အီရတ်အစိုးရကို အဓိကပံ့ပိုးပေးနေတဲ့ အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီခါမေနီတို့ကြား စကားလုံးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ကာကွယ်ရေါ်ဝန်ကြီးဌာနက နောက်ထပ်အမေရိကန်စစ်သည် ၇၅၀ ကို အရှေ့အလယ်ပိုင်းဒေသထံ ဖြန့်ကြက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာတော့ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပရိဝုဏ်ထဲကနေ ဆန္ဒပြအဖွဲ့အားလုံး ဆုတ်ခွာသွားပြီလို့ အီရတ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြအဖွဲ့ငယ်တစ်ဖွဲ့ကတော့ သံရုံးနားက ဟိုတယ်ရှေ့မှာ သပိတ်စခန်း ဖွင့်လှစ်ထားဆဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top