ဇန်နဝါရီလကုန်မှာ ဒုတိယမြောက်သားမွေးမယ့် မင်းသမီး ဂျန်ဂျီဟွန်

jun-ji-hyun_1423673892_af_org.jpg

တောင်ကိုရီးယား မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျန်ဂျီဟွန် (Jun Ji Hyun) ဟာ လက်ရှိအချိန်မှာ သူမရဲ့ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ဆုံးရက်မှာ ဒုတိယမြောက် ကလေးကိုမွေးဖွားမယ်လို့သိရပါတယ်။

မင်းသမီး ဂျန် ဟာ ဇွန်လက ကိုယ်ဝန်ရှိနေတဲ့အကြောင်းကိုအတည်ပြုပြောဆိုခဲ့ပြီး လက်ရှိအချိန်မှာ သူမရဲ့ကိုယ်ဝန် ဟာ ၃၆ ပတ်သားရှိနေတယ်လို့ ရင်းနှီးသူတစ်ဦးကပြောဆိုခဲ့ပါတယ်။ ဒုတိယမြောက်မွေးဖွားမယ့်ကလေး ဟာ သားလေးဖြစ်ပြီး လာမယ့်လနောက်ပိုင်း မှာ မွေးဖွားမှာ ဖြစ်ပါတယ်။

မင်းသမီးဂျန် ဟာပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ပထမဆုံး သားဦးလေးကိုမွေးဖွားခဲ့ပြီးနောက် လာမယ့် နှစ်ဇန်နဝါရီလ ကုန်မှာ ဒုတိယမြောက် သားလေးကို ထပ်မံမွေးဖွားမှာဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)
Ref : Allkpop : Jun Ji Hyun reported to give birth at the end of January

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top