တစ်သက်လုံး ဟမ်ဘာဂါ စားသွားနိုင်မယ့် အခွင့်အရေး

free-burger.jpg

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမှာ ရှိတဲ့ Café 51 ဆိုတဲ့ ဆိုင်က ဝယ်ယူသူတွေအတွက် ထူးထူးခြားခြား အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒါကတော့ သူတို့ဆိုင်မှာ ရနိုင်တဲ့ ဟမ်ဘာဂါ အမျိုးအစားတွေထဲက တစ်ခုပုံကို အသားမှာ ဆေးမင်ကြောင် ထိုးထားရင် တစ်သက်လုံးအတွက် တစ်နေ့ကို ဟမ်ဘာဂါ တစ်လုံးစီ အခမဲ့ စားသွားနိုင်မယ် ဆိုတာပါပဲ။

ဒါပေမယ့် ဒီလို အစီအစဉ်တွေရဲ့ ထုံးစံအတိုင်း စည်းမျဉ်းတွေကတော့ ရှိနေမြဲပါပဲ။ ဆေးမင်ကြောင်ထိုးတဲ့ အခါမှာ ဆိုင်ရဲ့ လိုဂို အမှတ်အသားကိုပါ ထည့်သွင်းထားရမယ်၊ ဘာဂါပုံဟာလည်း အပြင်မှာရှိတဲ့ ဘာဂါ အရွယ်အစားအတိုင်း ဖြစ်ရမယ်၊ ပြီးတော့ ဆိုင်ကို လာတဲ့ အခါမှာလည်း ဆေးမင်ကြောင်ကို ဆိုင်ဝန်ထမ်းမြင်အောင် ပြရမယ်လို့ ဆိုပါတယ်။ ဒီ စည်းမျဉ်းတွေအပြင် ဒီနည်းနဲ့ ဟမ်ဘာဂါ စားသောက်သွားကြမယ့် လူတွေဟာ ဆိုင်ရဲ့ ကြော်ငြာ အစီအစဉ်တွေအတွက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုတွေကို ခံရဦးမှာလည်း ဖြစ်ပါတယ်။

ဒီစည်းမျဉ်းတွေ ရှိနေပေမယ့်လည်း ဒီအစီအစဉ်မှာ ပါဝင်ချင်သူဦးရေဟာ အများအပြားရှိနေဆဲ ဖြစ်ပြီး လက်ရှိအချိန်မှာ ဒီနည်းအတိုင်း ဘာဂါစားရဖို့ စာရင်းပေးထားသူဦးရေဟာ ၃,၀၀၀ ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

Ref: MashableAsia: “If you get a tattoo of a burger, you get free burgers for life from this café”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top