ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှုတွေကို ထုတ်ပြန်

premier.jpg

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှုတွေကို ESPN က ထုတ်ပြန်ခဲ့ပါတယ်။ EPSN ဟာ ကစားသမားရဲ့စွမ်းဆောင်မှု၊ ဆုဖလားအောင်မြင်မှု၊ ပြောင်းရွှေ့ကြေး အပါအဝင် အချက်အလက်တော်တော်များများအပေါ် အခြေခံတွက်ချက်ပြီး အခုလို အဆင့်သတ်မှတ်ခဲ့တာပါ။

၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲကျင်းပခဲ့ပြီးနောက်ပိုင်း အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှုကတော့ အွန်နရီရဲ့ အပြောင်းအရွှေ့ပါပဲ။ ၁၉၉၉ ခုနှစ်မှာ ဂျူဗင်တပ်ကနေ ပေါင် ၁၄.၅ သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အွန်နရီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့သလို အာဆင်နယ်အတွက် ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှု(၁၀)ခုထဲမှာ မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှု ၄ ခု( ကန်တိုနာ၊ ရွိုင်ကိန်း၊ ရော်နယ်ဒို၊ ရွန်နီ၊ ချဲလ်ဆီးအသင်းရဲ့ ကစားသမား ခေါ်ယူမှု(၂)ခု(ဟာဇက်၊ လမ်းပတ်)၊ အာဆင်နယ်အသင်းရဲ့ ကစားသမားခေါ်ယူမှု (၂)ခု(ကျန်တစ်ခုမှာ ဗီအဲရာကို ခေါ်ယူမှုဖြစ်)နဲ့ မန်စီးတီးအသင်းရဲ့ အဂွေရိုကို ခေါ်ယူမှုတွေ ပါဝင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top