ပင်လယ်ထဲပျောက်ဆုံးသွားတဲ့ Lego အရုပ်ဆက်အစိတ်အပိုင်း ၅ သန်းကို ရှာဖွေဖို့ ၂၅ နှစ်ကြာ ကြိုးစားလာခဲ့တဲ့ အမျိုးသမီး

4-2-2022-yyl04-1.jpg

“Lego Lady” လို့တောင် ခေါ်တွင်နေတဲ့ ထရေစီ ဝီလျံ (Tracey Williams) ဆိုတဲ့ အမျိုးသမီးဟာ ပင်လယ်ထဲ ပျောက်သွားတဲ့ Lego အရုပ်ဆက်အစိတ်အပိုင်း ၅ သန်းကို ရှာဖွေဖို့ ကြိုးစားနေခဲ့တာ ၂၅ နှစ်ကြာပါပြီ။ သူက Lego အရုပ်ဆက်အစိတ်အပိုင်းတွေ ရှာဖွေတဲ့ သူ့ရဲ့ပရောဂျက်အကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့ဖူးပါတယ်။ ရော်တာဒမ်မြို့ (Rotterdam)ကနေ ရွက်လွှင့်လာတဲ့ ကုန်တင်သင်္ဘော Tokio Express ကို ဆိုးရွားကြမ်းတမ်းတဲ့လှိုင်းလုံးတွေ ရိုက်ခတ်သွားတဲ့အချိန် ဖေဖော်ဝါရီ ၁၉၉၇ ခုနှစ်က အဖြစ်အပျက်ကနေ ထရေစီရဲ့ပရောဂျက် ဖန်တီးမယ့် ဇာတ်လမ်းလေးစတင်ခဲ့တာပါ။

သင်္ဘာပေါ်တင်လာတဲ့ ကွန်တင်နာ (၆၂) ခုမှာ တချို့က စီးကရက်မီးခြစ်တွေ၊ ရေပိုက်အစိတ်အပိုင်းတွေ၊ လှည်းဘီးတွေ၊ ဉယျာဉ်သုံးပစ္စည်းကိရိယာတွေနဲ့ ပရိဘောဂတချို့က တင်ဆောင်လာပြီး အဲဒီထဲက တစ်ခုက ပင်လယ်ထဲ ပါသွားတဲ့ Lego အရုပ်ဆက်အစိတ်အပိုင်း ၅ သန်းနီးပါးကို သယ်ဆောင်လာခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်တွေမှာ ကမ်းခြေစောင့်တွေက ခိုနီရှ်ကမ်းစပ်မှာသာမက အိုင်ယာလန်ရဲ့ အတ္တလန္တိတ်ကမ်းရိုးတန်းမှာလည်း Lego အရုပ်ဆက်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ကြရပါတယ်။

ထရေစီနဲ့ သူ့ရဲ့မိသားစုက ဒီဗွန်ကောင်တီရဲ့တောင်ဘက်ကမ်းရိုးတန်းပေါ်က သူတို့ရဲ့နေအိမ်အနီးနားက ကမ်းစပ်တွေမှာ အပိုင်းအစတွေ ရှာဖွေရတာကို နှစ်သက်သဘောကျခဲ့ကြပါတယ်။ ထရေစီက အပိုင်းအစတွေရှာဖွေတာကို ပရောဂျက်တစ်ခုအနေနဲ့ ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ အခြားသူတွေလည်း Lego အရုပ်ဆက်အစိတ်အပိုင်းတွေကို ဘယ်နေရာတွေမှာ တွေ့မလဲဆိုတာကို သိချင်တဲ့အတွက်ရော သူရှာတွေ့ခဲ့တဲ့အရာတွေကို မှတ်တမ်းပြုစုဖို့အတွက်ပါ ထရေစီက “Lego Lost At Sea” အမည်ရတဲ့လူမှုကွန်ယက်ကို ဖန်တီးခဲ့ပါတယ်။ အခုဆိုရင် အဲဒါက သူ ရေးသားတဲ့ စာအုပ် Adrift ရဲ့အကြောင်းအရာလည်းဖြစ်ပါတယ်။

သူ့ရဲ့စာအုပ်မှာ ထရေစီက သူ့ကို “Lego Lady” အဖြစ် ဘယ်လိုလူသိများလာလဲဆိုတာကို ရှင်းပြထားပါတယ်။ “BBC က သူ့အကြောင်းကို ဖော်ပြပေးခဲ့ပြီးနောက် လူသိများသွားခဲ့တာပါ။ ကမ်းခြေစောင့်တွေက သူတို့ရဲ့ Lego အရုပ်ဆက်အစိတ်အပိုင်းတွေရှာဖွေတွေ့ရှိတာကို ဝေမျှလာကြပါတယ်။ ဖေ့စ်ဘွတ်ခ်ပေ့ချ်က Lego အရုပ်ဆက်အစိတ်အပိုင်းတွေကို ရှာတွေ့တဲ့အခါ လူတွေ ပျော်စရာအနေနဲ့ ဖော်ထုတ်ပြသတဲ့နေရာဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းကလူတွေကလည်း အစိတ်အပိုင်းတွေကို သူတို့ကိုယ်တိုင်ရှာဖွေလာကြပါတယ်။

Lego အစိတ်အပိုင်းတွေက ဘယ်လောက်ဝေးဝေးအထိ ရောက်ရှိသွားလဲဆိုတာ သိရဖို့အတွက် ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက်က တွေ့တဲ့အချိန်နဲ့ တွေ့တဲ့နေရာတွေကို မှတ်တမ်းတင်ခဲ့ပါတယ်”လို့ ထရေစီက ရေးသားထားပါတယ်။”Land’s End ကနေ Bude အထိ ကမ်းခြေတိုင်းလိုလိုမှာ Lego အရုပ်ဆက်အပိုင်းအစတွေကို တွေ့ရှိခဲ့၇တယ်။ သမုဒ္ဒရာရေစီးကြောင်းတွေက Cornwall မြောက်ဘက်ကမ်းရိုးတန်းဆီ အဲဒါတွေကို တွန်းပို့လိုက်ပုံရပါတယ်။ ၂၀၂၁ခုနှစ်အစောပိုင်းက နဂါးအရုပ်အစိတ်အပိုင်းတွေကို အိုင်ယာလန်ရဲ့အတ္တလန္တိတ်ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့ရပါတယ်” လို့လည်း ရေးသားထားပါတယ်။

ထရေစီရဲ့ပရောဂျက်က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဝေခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့လေ့လာမှုတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။ အဲဒီလေ့လာချက်က Lego အရုပ်ဆက်အစိတ်အပိုင်းတွေက သမုဒ္ဒရာထဲမှာ နှစ်ပေါင်း ၁၃၀၀ လောက် မပျက်စီးဘဲရှိနေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ University of Plymouth က သုတေသီတွေက အင်္ဂလန်နိုင်ငံအနောက်တောင်ဘက်ကမ်းရိုးတန်းပေါ် ကမ်းတင်လာခဲ့တဲ့ Lego အရုပ်ဆက်အစိတ်အပိုင်းတွေကို ခွဲခြမ်းစိပ်ဖြာခဲ့တာဖြစ်ပါတယ်။

Ref: Ladbible “Woman Spends 25 Years Trying To Find Five Million Pieces Of Lego Lost At Sea”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top