ဆောင်းရာသီမှာ တက်ကြွစွာနဲ့ အားကစားလုပ်နိုင်မဲ့ နည်းလမ်းတွေ

yyl-024-8.jpg

ချမ်းအေးလှတဲ့ ဆောင်ရာသီမှာဆိုရင် စောင်ခြုံထဲကနေ မထွက်ချင်တော့ဘဲ လမ်းလျှောက်လည်းမသွားချင်၊ Gymလည်း မသွားချင်ဖြစ်မိကြရပါတယ်။ အဲဒီလိုနေ့တွေမှာ ကျွန်တော်တို့တွေအားလုံးက အိပ်ချင်စိတ်များပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ဖို့၊ အားကစားလုပ်ဖို့ အိပ်ရာကနေ အားတင်းထဖို့တောင်မဖြစ်နိုင်ဘဲ မေ့လျောပစ်တတ်ကြပါတယ်။ အိပ်ရာကမထချင်တာ တစ်ကြိမ်သာ ကောင်းပေမဲ့ နေ့တိုင်းဖြစ်နေမယ်ဆိုရင် သင့်ရဲ့ကျန်းမာကြံ့ခိုင်ရေးနဲ့ ကိုယ်အလေးချိန် ချနေတဲ့အစီအစဉ်ကို တမင်ဖျက်စီးနေသလို ဖြစ်စေနိုင်ပါတယ်။ ဒီရာသီမှာ တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာ Gym သွားရတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ သူတွေအတွက် တက်ကြွစွာအလုပ်လုပ်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးလိုက်ရပါတယ်။

အိမ်ထဲမှာပဲ Work out လုပ်ကြည့်ပါ

မနက်စောစော အပြင်မထွက်ချင်ဘူးဆိုရင် သင့်အိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်ပါ။ တက်ကြွစွာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့အတွက် ရှုပ်ထွေးလှတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းတွေ အမြဲတမ်းမလိုအပ်ပါဘူး။ ကယ်လိုရီတွေလောင်ကျွမ်းဖို့နဲ့ အကြောလျော့ဖို့အတွက် ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ပါပဲ။ အိမ်မှာပဲ ယောဂကျင့်လို့ရသလို ထိုင်ခုံတစ်ခုကို အသုံးပြုပြီး ရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေကို လုပ်ကြည့်လို့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုအသစ်တွေမှာ ပါဝင်လုပ်ဆောင်ကြည့်ပါ

နေ့တိုင်း လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်နေရတာက ငြီးငွေ့ဖွယ်ကောင်းပြီး သင့်ကို တက်ကြွစွာ လေ့ကျင့်ခန်းလုပ်ဖို့တောင် ခက်ခဲသွားစေပါတယ်။ တပ်တလဲလဲဖြစ်နေတာကနေ ရုန်းထွက်ချင်ရင် ကိုယ်လက်လှုပ်ရှားမှုအသစ်တွေကို ပြောင်းလဲပစ်ပါ။ အကသင်တန်း (သို့) ကိုယ်ခံပညာသင်တန်းကျောင်းတွေမှာ Join ကြည့်ပါ။ မြို့တွေမှာ ကျင်းပတဲ့ မာရသွန်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။

ဘာကြောင့် လေ့ကျင့်ခန်းကို လုပ်နေရတာလဲဆိုတာကို ချရေးပါ

လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ တက်ကြွနေဖို့အတွက် နည်းလမ်းတစ်ခုက ချရေးတာပါပဲ။ စာရွက်ယူပြီး ဘာလို့ လေ့ကျင့်ခန်း လုပ်နေရတာလဲဆိုတာကို ချရေးကြည့်ပါ။ သင့်အိပ်ရာအနီးနား တစ်နေရာရာမှာ အဲဒီစာရွက်ကို ချိတ်ထား၊ တင်ထားပါ။ သင် အိပ်ရာထလာတဲ့အခါ ဒါကို အလွယ်တကူ မြင်နိုင်မှာဖြစ်ပါတယ်။ သင် လုပ်နေတဲ့အရာ၊ လုပ်ဖြစ်နေတဲ့အရာတွေကို တစ်နေရာရာမှာ မှတ်ထားမယ်ဆိုရင် တက်ကြွစွာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် လွယ်ကူစေတယ်လို့ စိတ်ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

သူငယ်ချင်းနဲ့ အဖော်ပြုပြီး လေ့ကျင့်ခန်းလုပ်ပါ

သင့်သူငယ်ချင်း (သို့) အပေါင်းအသင်းတွေကလည်း တက်ကြွနေစဖို့ အကူအညီပေးနိုင်ပါတယ်။ သူတို့တွေက သင့်ကို တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ တွန်းပို့ပေးနေပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေနဲ့ Gym အတူတူဆော့တာကလည်း သင့်ကို လေ့ကျင့်ခန်းလုပ်ချင်စိတ်ဖြစ်စေသလို Workout မလုပ်ဖြစ်မဲ့ အခွင့်အရေးလည်း နည်းသွားမှာဖြစ်ပါတယ်။

Ref: Weight loss: 4 ways to stay motivated to workout during winters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top