COVID-19 လူနာတွေအတွက် သွေးရည်ကြည် ဆက်လက်လှူဒါန်းပေးနေတဲ့ တွမ်ဟန့်ခ်စ်

29-5-2020-yyl-004.jpg

မင်းသားကြီး တွမ်ဟန့်ခ်စ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးလို့ ပြန်လည်သက်သာကောင်းမွန်သွားတာကြောင့် COVID-19 လူနာတွေကို သူ့ရဲ့သွေးရည်ကြည် လှူဒါန်းပေးနေတယ်ဆိုတာကို ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ အခုလည်း သူဟာ အဲဒီလူနာတွေအတွက် သွေးရည်ကြည် ဆက်လက်လှူဒါန်းပေးနေကြောင်းကို အင်စတာဂရမ်ကနေ တဆင့် ပြောပြခဲ့ပါတယ်။ သွေးရည်ကြည်က ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာတဲ့ တွမ်ဟန့်ခ်လို့ လူတွေရဲ့သွေးကနေ လာတာဖြစ်ပြီး ရောဂါကို တွန်းလှန်နေရတဲ့ လူတွေကို ကူညီပေးနိုင်တဲ့ antibodies ပါဝင်ပါတယ်။

တွမ်ဟန့်ခ်စ်က သွေးရည်ကြည် ဆက်လက်လှူဒါန်းနေကြောင်းကို “သွေးရည်ကြည် ၁၊ ၂၊ ၃ သွေးရည်ကြည်” ဆိုပြီး ရေးသားထားပါတယ်။ ပြီးခဲ့တဲ့လကလည်း သူက ပထမဆုံးအကြိမ် သွေးရည်ကြည်လှူပြီးတဲ့နောက်မှာ အလားတူပုံမျိုးကိုမျှဝေခဲ့ပါသေးတယ်။ သူတို့ရဲ့သွေးရည်ကြည်က COVID-19 ကုသတဲ့နေရာမှာ အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင့် တွမ်ဟန့်ခ်စ်က အင်တာဗျူးတစ်ခုမှာလည်း ပြောထားပါတယ်။ သူ့ဇနီး ရောဂါကို ပိုခံစားခဲ့ရကြောင်းကိုလည်း “ရီတာက ကျွန်တော်ထက် ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပါတယ်။ သူက အပြင်းဖျားခဲ့ပြီး အခြားရောဂါလက္ခဏာတွေလည်းရှိခဲ့ပါတယ်။ အနံ့၊အရသာခံနိုင်စွမ်းမရှိတော့ပါဘူး။ (၃) ပတ်လုံး အစားအစာရတာ အဆင်မပြေခဲ့ပါဘူး။ သူက အော့ချင်အန်ချင်လွန်းလို့ အိပ်ရာကနေ ကြမ်းပြင်ပေါ်ကို တွားသွားခဲ့ရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

တွမ်ဟန့်ခ်စ်ရဲ့ဇနီးရီတာကလည်း သူတွေ့ကြုံခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး “ကျွန်မ အရမ်းကိုက်ခဲနာကျင်သလို၊ နေသာထိုင်သာမရှိသလို ခံစားခဲ့ရပါတယ်။ ထိချင်မကိုင်ချင်လောက်အောင်ပါပဲ။ အဲဒီနောက်မှာ အဖျားဝင်လာတော့တာပါပဲ။ ကျွန်မ အရင်ကတစ်ခါမှမဖြစ်ဖူးတဲ့ ချမ်းတုန်မှုကို ခံစားခဲ့ရပါတယ်” လို့ ဆိုပါတယ်။ တွမ်ဟန့်ခ်စ်နဲ့သူ့ဇနီးရီတာတို့က မတ်လအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သြစတြးလျနိုင်ငံမှာ ဆေးကုသမှုခံယူခဲ့ရပြီး ပြန်လည်သက်သာကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

Ref: Tom Hanks continues donating plasma to Covid-19 patients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top