အသားရေလှပကြည်လင်ဖို့အတွက် အကျိုးပြုနေတဲ့ အစားအစာတွေ

22-1-2021-yyl-01.jpg

လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် အာဟာရဓာတ်က အရေးကြီးပါတယ်။ တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်ဘူးဆိုရင် ဇီဝဖြစ်စဉ်ကို ပျက်စီးစေနိုင်တဲ့အပြင် နှလုံး နဲ့အသည်းလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ အလှအပနဲ့ပတ်သက်ရင်လည်း သင် စားလိုက်တဲ့အစားအစာတွေက သင့်ရဲ့အသားရေကျန်းမာရေးပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့နဲ့ အသားရေကြည်လင်ကျန်းမာရေးစေဖို့အတွက် အစားအစာတွေကို ဂရုတစိုက်စားပေးသင့်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် အသားရေအတွက် အကျိုးပြုနေတဲ့ အကောင်းဆုံးအစားအစာတွေကို မျှဝေပေးချင်ပါတယ်။

အယ်မွန်စေ့

အယ်မွန်စေ့က သင့်ရဲ့အသားရေအတွက်ရော ဆံပင်အတွက်ပါ ကောင်းပါတယ်။ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာရပ်တွေကို တိုက်ဖျက်ဖို့အတွက် ကူညီပေးနိုင်တဲ့အပြင် အသားရေကိုလည်း ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က အသားရေကျန်းမာဖို့အတွက် ထိန်းသိမ်းပေးတဲ့ Collagen ဓာတ်ကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် အစွမ်းထက်ဟင်းသီးဟင်းရွက်အနေနဲ့ သိထားကြပါတယ်။ အသားရေကြည်လင်လှပစေဖို့အတွက် ပန်းဂေါ်ဖီစိမ်းက အကျိုးပြုနေပါတယ်။

မုန်လာဥနီ

မုန်လာဥနီကလည်း အသားရေကြည်လင်လှပစေဖို့အတွက် အကျိုးပြုပေးနိုင်ပါတယ်။ အသားရေကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်ဓာတ်တွေထဲက တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီဓာတ်ကြွယ်ဝပါတယ်။ အသားရေလျော့ရဲမှုမဖြစ်အောင် ထိန်းပေးတဲ့ collagen ဓာတ်ကို ထုတ်လုပ်ပေးဖို့အတွက် အကူအညီပေးနိုင်ပါတယ်။

ထောပတ်သီး

ဗီတာမင်အီးနဲ့ ကျန်းမာတဲ့အဆီအနှစ်တွေ ပါဝင်တဲ့ ထောပတ်သီးကလည်း အသားရေကို အာဟာရဓာတ်ဖြည့်ပေးပါတယ်။ အန်တီအောက်စီဒန့်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့်လည်း အသားရေပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ချောကလက်

ချောကလက်မှာ ပါဝင်တဲ့ ကကေးအို (cocoa) က အသားရေကို ရေဓာတ်ဖြည့်ပေးနိုင်ပြီး အသားရေကျစ်လျစ်စေနိုင်စွမ်းရှိပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က အသားရေကြည်လင်ပြီး အသားရေကျစ်လျစ်စေဖို့အတွက် အကူအညီပေးနိုင်တဲ့ ပရိုတင်းဓာတ်ပြည့်ဝပါတယ်။ သင့်အသားရေကို ကျန်းမာစေရုံသာမက ငယ်ရွယ်နုပျိုတဲ့ပုံပေါက်စေမှာဖြစ်ပါတယ်။

လက်ဖက်စိမ်း (Green Tea)

Green Tea ကလည်း အသားရေကို အာဟာရဓာတ်ဖြည့်ပေးတဲ့ အန်တီအောက်စီဒန့်ပြည့်ဝပါတယ်။ Green Tea ကိုပုံမှန်သောက်ပေးတာကလည်း အရေးအကြောင်း၊ ပါးရေတွန့်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

Ref: Top foods for beautiful skin
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top