”ဪ ဆရာမရယ်”

27-6-2022-yyl01.jpg

ကျောင်းကို အသစ်ရောက်လာတဲ့ ကာယဆရာမက ကျောင်းကစားကွင်းကို သွားကြည့်တယ်။ အဲဒီမှာ တခြားကျောင်းသားတွေအားလုံး ရယ်ရယ်မောမော ဘောလုံးကစားနေကြပေမဲ့ ကောင်လေးတစ်ယောက်ကတော့ ခပ်လှမ်းလှမ်းမှာ တစ်ယောက်တည်း ရပ်ကြည့်နေတာကို သူ သတိထားမိသွားတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သနားသွားတဲ့ ဆရာမက ကောင်လေးဆီ လျှောက်သွားတယ်။

” သား အဆင်ပြေရဲ့လား ”
” ဟုတ်ကဲ့ ပြေပါတယ်”
” သားလည်း တခြားကျောင်းသားတွေလို ကစားလို့ရတယ်နော် ”
” မကစားတော့ပါဘူး ဆရာမ။ ဒီမှာပဲ ရပ်နေတာ ပိုကောင်းပါတယ်”
ဆရာမလည်း ဒီကျောင်းသားလေးက တခြားသူတွေလို မကစားချင်တာ ဘာကြောင့်လဲလို့ သိချင်သွားတယ်။

” ဘာဖြစ်လို့လဲ သားရဲ့ ”
ကောင်လေးက ဆရာမကို မယုံနိုင်သလိုကြည့်ပြီး ပြန်ဖြေလိုက်ပုံကတော့
” သားက ဂိုးသမားလေ ဆရာမ” တဲ့။
(ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်စေသော်)

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top