သုံးနှစ်ဆက်တိုက် အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီအဖြစ် တယ်လီနောမြန်မာအား နိုင်ငံတော်သမ္မတ ဂုဏ်ပြု

11-8-2020-pr-3.jpg

တယ်လီနောသည် ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် နိုင်ငံခြား ကုမ္ပဏီများအနက်မှ ထိပ်တန်းအခွန်ထမ်းဆောင်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ နေအိမ်တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် အသိအမှတ်ပြုခြင်းခံရသည်။ မှတ်တမ်းတင် ဂုဏ်ပြုလွှာများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ချီးမြှင့်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

တယ်လီနောမြန်မာသည် ကုမ္ပဏီဝင်ငွေခွန်အဖြစ် မြန်မာကျပ်ငွေ (၈၀) ဘီလီယံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် မြန်မာကျပ်ငွေ (၅၀) ဘီလီယံကျော် အသီးသီးပေးဆောင်ခဲ့သည်။ တယ်လီနောမြန်မာသည် နိုင်ငံခြားကုမ္ပဏီများ အနက်မှ ထိပ်တန်းအခွန်ထမ်းဆောင်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် သုံးနှစ်ဆက်တိုက် အသိအမှတ်ပြုခံခဲ့ရခြင်း ဖြစ်သည်။

“မည်သည့် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ် အခွန်ပေးဆောင်ဖို့ဆိုတာ နိုင်ငံတော်အတွက် အရေးကြီးပါတယ်။ တယ်လီနောက ချိတ်ဆက်မှုတွေကနေတစ်ဆင့် လူမှုအသိုင်းအဝိုင်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့ ဒီမှာရှိ နေတာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ ပိုင်ရှင်တွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ တန်ဖိုးရှိဆုံး အရာတွေ ဖန်တီးဖြစ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအခွန် ပေးဆောင်သူအဖြစ် ထပ်မံအသိအမှတ်ပြုခံရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့်အချိန်မှစ၍ ယခုအခွန်စည်းကြပ်နှစ်အထိ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ (၄၇၈) ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ တိုက်ရိုက်စီးပွားရေး လုပ်ငန်းများ ဖန်တီးခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့အပြင် တယ်လီနောသည် ဆက်သွယ်ရေး၊ အလုပ်အကိုင်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ KPMG မှ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့ သော စစ်တမ်းများအရ တယ်လီနောသည် ၂၀၁၅ ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ကျော် ဖြည့်တင်းနိုင်ခဲ့ပြီး ဆက်စပ်နယ်ပယ်များတွင်လည်း အလုပ်အကိုင်သစ် (၅၀၀) ခန့် ဖန်တီးနိုင်လိမ့် မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လူမှုအသိုင်းအဝိုင်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ကတိကဝတ်နှင့်အညီ တယ်လီနောမြန်မာသည် အမျိုး သားအဆင့် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက် ကူညီထောက်ပံ့ ပါဝင်လုပ်‌ဆောင်လျက်ရှိသည်။ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောသည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် လူပေါင်း (၁) သန်းကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက် အပံ့အဖြစ် မြန်မာကျပ်ငွေ သန်း (၁၀၀၀) ကျော်ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top