အမှိုက်နဲ့ဘဝ ဓါတ်ပုံပြိုင်ပွဲ

Untitled-1.png

Clean Yangon နှင့် Enervon-C တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

ရည်ရွယ်ချက်

၁. စွန့်ပစ်အမှိုက်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအား သတိပြုဆင်ခြင်နိုင်စေရန်

၂. စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်

၃. နိုင်ငံတဝှမ်း သန့်ရှင်းသာယာလှပလာစေရန်

၄. လူသားတိုင်း ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြစေရန်

ဆုကြေးငွေ

ပထမဆု – (၇) သိန်းကျပ်

ဒုတိယဆု – (၅) သိန်းကျပ်

တတိယဆု – (၃) သိန်းကျပ်

လူကြိုက်အများဆုံးဆု – (၁) သိန်းကျပ် + Enervon-C (၃) လစာ

နှစ်သိမ့်ဆု (၁၀) ဆု – (၅) သောင်းကျပ် + Enervon-C (၃) လစာ

ပြိုင်ပွဲအစီအစဉ်

ဓါတ်ပုံဆိုဒ် – 12×18 လက်မ

လက်ခံမည့်အရေအတွက် – ပြိုင်ပွဲဝင်တစ်ဦးလျှင် (၃) ပုံအများဆုံး

ဓါတ်ပုံများလက်ခံမည့်ကာလ – သြဂုတ်လ (၁) ရက်မှ သြဂုတ်လ (၂၀) ရက်နေ့ထိ

ဆုရွေးချယ်ကြေညာမည့်နေ့ – ပြန်လည်ကြေငြာပေးမည်။

ဓါတ်ပုံပညာရှင်များမှ အကဲဖြတ်ဆုရွေးချယ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲစည်းကမ်းချက်များ

  • ပြိုင်ပွဲဝင်တဦးလျှင် ပြိုင်ပွဲဝင်ဓာတ်ပုံ 12″x18″ အရွယ်(၃)ပုံ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်ပုံများပေးပို့ရာတွင် မူရင်းဖိုင်ဖြစ်သော Raw, Tiff , Jpeg ပုံများအား မိမိအမည်ဖြင့် Folder ဆောက်၍ CD ဖြင့်ပါ ပြိုင်ပွဲလက်ခံမည့် နောက်ဆုံးရက်မတိုင်မီ ပေးပို့ရမည်ဖြစ်သည်။
  • မည်သည့်ကင်မရာ အမျိုးအစားဖြင့်မဆို ဝင်ပြိုင်ခွင့်ရှိသော်လည်း ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထားသော ပုံများ မဖြစ်ရပါ။ ဝင်ပြိုင်မည့်ပုံများသည် ၂၀၂၀ ခုနှစ်အတွင်းရိုက်ကူးထားသော ပုံများသာဖြစ်ရမည်။
  • ပြည်တွင်း/ ပြည်ပ ပြိုင်ပွဲများတွင် ဆုရဖူးသောပုံများနှင့် စီးပွားရေးကြော်ငြာများ၊ ပုံနှိပ်ထုတ်ဝေမီဒီယာများ နှင့် Web Page များတွင် အသုံးပြုပြီးသော ပုံများမဖြစ်ရပါ။
  • ပြိုင်ပွဲဓာတ်ပုံများအား ၂၀၂၀၊ သြဂုတ်လ (၂၀) ရက်နောက်ဆုံးထား၍ မည့်သည့်နည်းလမ်းဖြင့်မဆို အရောက် ပေးပို့ရမည်ဖြစ်သည်။ ( ပေးပို့ရမည့်လိပ်စာအား ဖော်ပြပေးထားစည်။)
  • ပြိုင်ပွဲဝင်ဓာတ်ပုံများအား အကဲဖြတ်ဒိုင်သူကြီးများမှ စိစစ်၍ ပထမ(၁)ဆု ၊ ဒုတိယ(၁) ၊ တတိယ (၁) ၊ နှစ်သိမ့်ဆု (၁၀) ဆုအပြင် ၊ People Choice award (၁)ဆု အား ပေးအပ်သွားမည်ဖြစ်သည်။
  • People Choice Award ရွေးချယ်ရာတွင် Clean Yangon ၏ Official Page မှ တင်သည့် ဆန်ခါတင်ပုံများထဲမှ Love Reaction အများဆုံးအား ရွေးချယ်သွားမည်ဖြစ်သည်။
  • ပြိုင်ပွဲဝင်ဓာတ်ပုံများအား မိမိ၏မူပိုင်ဓာတ်ပုံဖြစ်ကြောင်း ပြိုင်ပွဲဝင်ဘက်မှ တာဝန်ယူရမည်ဖြစ်သည်။
  • ပြိုင်ပွဲကာလအတွင်း တစ်စုံတရာ အငြင်းပွားမှုပေါ်ပေါက်ပါက Clean Yangon ၏ အဆုံးအဖြတ်သာ အတည် ဖြစ်ပါမည်။
  • ပြိုင်ပွဲတွင်ဆုရရှိသော ဓာတ်ပုံများအား တခြားသောစီးပွားရေးလုပ်ငန်းများ၊ ပြိုင်ပွဲများတွင်အသုံးပြုခြင်းမပြုရ။
  • ပြိုင်ပွဲဆုရရှိသော ဓါတ်ပုံများအား Clean Yangon ၏ အသိပညာပေးအစီအစဉ်များတွင် အသုံးပြုရန် ပြိုင်ပွဲဝင်သူမှ ခွင့်ပြုပြီး ဖြစ်ရမည်။
  • တခြားသောပြိုင်ပွဲများတွင် ဝင်ပြိုင်ထားဖူးသော ပြိုင်ပွဲဝင်ပုံများအား လက္ခံမည်မဟုတ်ပါ။

ပေးပို့ရမည့်လိပ်စာ – Soccer House Cafe၊ ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးကွင်းအရှေ့၊ National Football Academy ဘေး

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top