နှစ်သက်တမ်း ၁ ဘီလျံရှိတဲ့ အနက်ရောင်စိန်ပွင့် ပေါင် ၃.၁၆ သန်းနဲ့ လေလံအောင်

10-2-2022-yyl14.jpg

နှစ်သက်တမ်း ၁ ဘီလျံရှိတဲ့ အနက်ရောင်စိန်ပွင့်ဟာ ပေါင် ၃.၁၆ သန်းနဲ့ လေလံအောင်မြင်သွားခဲ့ပါတယ်။ သွေးကွက်ဖော်ထားတဲ့ စိန်တွေထဲမှာ ကမ္ဘာ့အကြီးဆုံးလို့ ယူဆကြတဲ့ အနက်ရောင်စိန်ပွင့်ဟာ The Enigma လို့ အမည်ရပြီး အလေးချိန် ၅၅၅.၅၅ ကာရက်ရှိပါတယ်။ ဒါဟာ ငှက်ပျောသီးတစ်လုံးရဲ့ အလေးချိန်နဲ့အတူတူပါပဲ။

အနက်ရောင်စိန်ပွင့်ရဲ့ ဇစ်မြစ်နဲ့ပတ်သက်လို့ အယူအဆအမျိုးမျိုးရှိတဲ့အနက် ဂြိုဟ်သိမ်တစ်ခုနဲ့အတူ ကမ္ဘာမြေပေါ် ရောက်လာခဲ့တယ်ဆိုတဲ့ ထင်မြင်ချက်လည်း ရှိပါတယ်။ Sotheby လေလံကုမ္ပဏီက အနက်ရောင်စိန်ပွင့်ကို ဘယ်သူ လေလံအောင်မြင်သွားလဲဆိုတာ ထုတ်မပြောပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေး စွန့်ဦးတီထွင်သူ ရစ်ချက်ဟတ်က The Enigma စိန်ပွင့်ကို သူ ဝယ်ယူခဲ့တာလို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ရစ်ချက်ဟတ်က The Enigma စိန်ပွင့်ကို ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပေးချေမှာဖြစ်ပြီး ငွေချေပြီးတာနဲ့ အဲဒီစိန်ပွင့်ကို HEX.com စိန်ပွင့်လို့ အမည်ပြောင်းလဲ မှည့်ခေါ်မယ်လို့ ဆိုပါတယ်။ HEX.com ဆိုတာ သူ တည်ထောင်ခဲ့တဲ့ ဘလော့ချိန်းပလက်ဖောင်းအမည်ပါ။

အနက်ရောင်စိန်ပွင့်ဆိုတာ သဘာဝစိန်ပွင့်တွေထဲမှာ မာကျောမှုအမြင့်ဆုံးပုံစံ (carbonado) ဖြစ်ပြီး အင်မတန်ရှားပါးပါတယ်။ ဘရာဇီးနဲ့ ဗဟိုအာဖရိကနိုင်ငံတွေမှာပဲ အနက်ရောင်စိန်ပွင့်ကို တွေ့ရှိခဲ့ဖူးပါတယ်။ ဥက္ကာခဲတွေမှာပဲ တွေ့ရလေ့ရှိတဲ့ osbornite ကို အနက်ရောင်စိန်ပွင့်တွေမှာ တွေ့ရတာကြောင့် အနက်ရောင်စိန်ပွင့်တွေဟာ အာကာသထဲကနေ ရောက်လာတာလို့ ယုံကြည်နေကြတာပါ။

အနက်ရောင်စိန်ပွင့်တွေဟာ နှစ်သက်တမ်း ၂.၆ ဘီလျံကနေ ၃.၂ ဘီလျံကြား ရှိပြီး ဒိုင်နိုဆောတွေ မရှိခင်ကတည်းက ဖြစ်တည်နေခဲ့တာပါ။ ကမ္ဘာဂြိုဟ်က နှစ်သက်တမ်း ၄.၆၅ ဘီလျံရှိလို့ အနက်ရောင်စိန်ပွင့်တွေနဲ့ယှဉ်ရင် သက်တမ်းအကွာကြီးမဟုတ်ဘူးလို့ ဆိုရမှာပါ။

Ref: BBC “The Enigma: Billion-year-old black diamond sold for £3.16m”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top