ဘန်ကောက်မြို့ တည်နေရာ ၁၄ ခုရဲ့ လေထုညစ်ညမ်းမှုက အန္တရာယ်ဖြစ်စေနိုင်တဲ့အဆင့် ရှိနေ

24-12-2020-yyl09.jpg

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ တည်နေရာ ၁၄ ခုရဲ့ လေထုညစ်ညမ်းမှုဟာ ဒီနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) နံနက်ပိုင်းက အန္တရာယ်ရှိတဲ့အဆင့် ဖြစ်ခဲ့ပါတယ်။ လေထုထဲမှာ PM2.5 အမှုန် ပါဝင်မှုဟာ တစ်ကုဗမီတာမှာ ၃၄ မိုက်ခရိုဂရမ်ပမာဏကနေ ၅၇ မိုက်ခရိုဂရမ်အထိ မြင့်တက်ခဲ့တယ်လို့ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ဖော်ပြပါတယ်။

လေထု တစ်ကုဗမီတာမှာ PM2.5 အမှုန် ( အချင်း ၂.၅ မိုက်ခရိုမီတာထက် သေးငယ်တဲ့ အမှုန်) ၅၀ မိုက်ခရိုဂရမ် ပါဝင်မှုကို ထိုင်းနိုင်ငံက ဘေးအန္တရာယ်ကင်းတယ်လို့ သတ်မှတ်ထားပေမဲ့ အဲဒီပမာဏ ကျော်လွန်သွားရင်တော့ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် လေထုညစ်ညမ်းတဲ့ တည်နေရာ ၁၄ ခုမှာ နေထိုင်သူတွေအနေနဲ့ အိမ်ထဲမှာပဲ နေထိုင်ကြဖို့၊ ကျန်းမာရေးအခြေအနေကို သတိထားစောင့်ကြည့်ဖို့ အကြံပြုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို သိချင်ရင် Air4Thai.com ဝက်ဘ်ဆိုက်၊ Air4Thai app နဲ့ bangkokairquality.com တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: The Nation ” Toxic haze hits 14 areas in Bangkok, vicinity”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top