လူ့မစင်နဲ့လုပ်တဲ့ လောင်စာ

poop1-story_647_080817042816.jpg

ကင်ညာနိုင်ငံက ကုမ္ပဏီတစ်ခုဟာ လူ့မစင်ကို အသုံးပြုပြီး လောင်စာတုံးတွေ ဖန်တီးနေပါတယ်။ နာကူရူ ရေနဲ့သန့်စင်ရေး ဝန်ဆောင်မှု ကုမ္ပဏီက ဝန်ထမ်းတွေဟာ လူ့မစင်တွေကို အခြောက်ခံပြီး မီးဖုတ်ပါတယ်။ မီးဖုတ်ပြီးတဲ့အခါ လွှစာမှုန့်နဲ့ရောပြီး အပူချိန် ၃၀၀ ဒီဂရီ ဆဲလ်စီးယက်စ်မှာ ကျောက်မီးသွေးထွက်တဲ့အထိ မီးတိုက်ပါတယ်။

ဒီနောက်မှာတော့ အလုံးလုံးပြီး အလေးချိန်နဲ့ ရောင်းချတာ ဖြစ်ပါတယ်။ လောင်စာထုတ်လုပ်ရေး လုပ်ငန်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ pathogen ဘက်တီးရီးယား ဖယ်ရှားရေးနဲ့ အနံ့အသက် ပပျောက်အောင်လုပ်တဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။ အစောပိုင်းမှာ လူတွေက လူ့မစင်ကို အသုံးပြု ဖန်တီးထားတဲ့လောင်စာတွေကိုသုံးဖို့ တွန့်ဆုတ်နေကြပေမယ့် ဒီနောက်ပိုင်းမှာတော့ အဲဒီလောင်စာကို လိုလိုလားလား အသုံးပြုနေကြပြီလို့ နာကူရူ ရေနဲ့သန့်စင်ရေး ဝန်ဆောင်မှုကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။ ဒီလောင်စာဟာ မီးအားကောင်းသလို ကြာကြာလည်းခံတဲ့အတွက် အသုံးပြုသူတွေ အကြိုက်တွေ့ကြတာလို့ အဲဒီလောင်စာကို ဖောက်သည်ယူရောင်းချသူတစ်ဦးက ပြောပါတယ်။

Ref: Reuters : In Kenya, fuel made from human faeces keeps the home fires burning

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top