အလွန်အရေးကြီးသော လူ့ဘဝလျှို့ဝှက်ချက်များကို ဟတ္ထသမုဒြိကသျှံတ္တရ လက်ဝါးပြင်ဖတ်ပညာဖြင့် ဖော်ထုတ်ခြင်း။

srkakimthu.jpg

လက္ခဏာပညာကို လေ့လာသုတေသနပြုသူများအနေဖြင့် အရှေ့တိုင်း၊အနောက်တိုင်း လက္ခဏာပညာရပ်များကို သိပ္ပံနည်းကျ သုတေသန  ပြုခြင်း၊ ရလဒ်များကို မှတ်တမ်းတင်ခြင်းများ၊ များစွာပြုလုပ်ရသည်။ လက္ခဏာသမိုင်းကြောင်းအရ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောက် ကျော်ကစပြီး လက်ဖဝါးဖတ်ကြားသည့်ပညာတိုးတက်ဖွံ့ဖြိုးလာခဲ့သည်ဖြစ်ရာ နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သူဆရာကြီးများစွာ၏ မှတ်ချက်များဖြင့် ယနေ့ လက္ခဏာပညာရပ်သည် ကမ္ဘာကျော်ပညာ ရပ်တစ်ခုအဖြစ် လက်ခံရလေသည်။ ထိုလက္ခဏာပညာရပ်များတွင် အစောဆုံးပေါ်ထွက်ခဲ့သည့် လက္ခဏာပညာရပ်များမှ အလွန်ထင်ရှားသောပညာရပ်တစ်ခုမှာ သမုဒြိက ဖြစ်သည်။ သမုဒြိက ဟုဆိုလျှင် လက်ဖဝါးတစ်ခုတည်းမဟုတ်ဘဲ လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အနေအထားများကအစ အားလုံးကို ဖတ်ကြားခြင်း ပညာရပ်ဖြစ်ပေ သည်။ ဟတ္ထသမုဒြိက ဆိုပါက လက်ဖဝါး ကိုသာ အထူး ဖတ်ကြားခြင်းဖြစ်လေရာ ကျွန်ုပ်အနေနှင့် ယခုတင်ပြမည့်စာသည် ဟတ္ထသမုဒြိကသျှံတ္တရ ကျမ်းလာ လက်ဖဝါးပြင်ဖတ် ပညာရပ်အကြောင်းဖြစ်ပါသည်။

ဆရာကြီး K.C.Sen ရေးသားသော Hast Samudrika Shastra ကျမ်းနှင့် Sariraka Sastra ကျမ်းများတွင်ပါရှိသော လက်ဖဝါးနှင့် သက်ဆိုင်သည့် အလွန်အရေးကြီးသော လျှို့ဝှက်ချက်များနှင့် အရေးပါလှသော လူ့ဘဝသော့ချက်များကို လက်တွေ့သုတေသနပြုချက်နှင့် ပေါင်စပ်ပြီး မှန်ကန်ချက်များကို မှတ်တမ်းပြုနိုင်ခဲ့ပါသည်။ လက္ခဏာပညာရပ်သည်အလွန်ထူးဆန်းလေးနက်သော ပညာရပ်ဖြစ်သည်။ လက်ဖဝါး ပြင်တွင် အချို့သော ပုဂ္ဂိုလ်တို့သည် ကံလမ်းကြောင်းမပါရှိသော်လည်း

အလွန်ချမ်းသာပြီး၊ရာထူးရာခံကြီးမားကြာသည်၊ထီအကြိမ်းကြိမ်ပေါက်ပြီး အမွေအနစ်များ ရရှိခြင်း၊ အောင်မြင်ရေးလမ်းကြောင်း မပါရှိသော် လည်း ဝန်ကြီးကဲ့သို့ ထိပ်ဆုံးရာထူးမျိုးကို လက်ခံရရှိခြင်းတို့အတွက် တိကျသော အဖြေများမှာ ယခု ဟတ္ထသမုဒြိက အပိုင်းတွင် ထင်ထင် ရှားရှား ရှိနေခြင်းဖြစ်သည်။ ဟတ္ထသမုဒြိက သျှံတ္တရနည်းဖြင့် လူတစ်ယောက်၏ ဘဝကံတရားအကြောင်းကို အကောင်းဆုံး၊ အတိအကျဆုံး ပြောပြနိုင်ပါတယ်။

လက်ဖဝါးပြင်တွင် ဟတ္ထသမုဒြိကသျှံတ္တရနည်းအရ ကောင်းကျိုးချမ်းသာ ဂုဏ်ကြက်သရေမင်္ဂလာကို ဖြစ်စေသော အမှတ်အသားများ ( Auspicious Signs) ဖြစ်သည့် – ကြာဖူး။ – ငါးရုပ်။ – သံလျက် စသည့်အမှတ်အသားများ၏ အခြေခံကျသော ကောင်းကျိုးသတ္တိတို့ကို လက္ခဏာရှင်ဘယ်လိုအချိန်တွင် ဘယ်လိုပုံစံနှင့် ခံစားစံစားရမလည်း ဆိုတဲ့ အချက်များကို တိတိကျကျလေ့လာရပါတယ်။ ဒီအမှတ် အသားပါပြီး လက်ပုံစံဘယ်လိုဖြစ်ရင် ဘယ်လိုကောင်းကျိုးရတယ်၊ ကံလမ်းကြောင်းပါရင်ဘယ်လို မပါရင်ဘယ်လို၊ အောင်မြင်ရေး လမ်းကြောင်းပါခဲ့ရင် ဘာဖြစ်မယ်၊မပါရင် ဘယ်လို ဆိုတာကို သေချာလေ့လာရပါတယ်။ နောက်တစ်ခုက အခုတင်ပြတဲ့ မင်္ဂလာအမှတ် အသားတွေက ဘယ်ဂြိုဟ်ခုံ မှာပါတာလည်း ဆိုတာကလည်း အလွန်အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဂြိုဟ်ခုံလို့ပြောလိုက်တဲ့အခါ ကောင်းကျိုးပေး တဲ့အမှတ်အသားနဲ့ ကောင်းကျိုးမပေးတဲ့ ပါပသဘောသက်ရောက်နေတဲ့ ဂြိုဟ်ခုံဆက်စပ်နေတာလား၊ ကောင်းကျိုးပေးတဲ့ ဂြိုဟ်ခုံမှ မဂ်လာ အမှတ်အသား တည်တာလား ဆိုတဲ့အချက်ကတော့ အထူးအလေးပေးရတဲ့ အရေးကြီးဆုံးအချက်ပါဘဲ။

ဟတ္ထသမုဒြိကသျှံတ္တရ အကြောင်းကို ပြောတဲ့အခါ အချို့သောအယူအဆများက လက်ဖဝါးပေါ်က အမှတ်အသားတွေ၊ အရုပ်တွေပုံဖော်ပြီး ပြောတဲ့ပညာပါလို့ အလွယ်ပြောတတ်ကြပါတယ်။ တစ်ကယ်တော့ အလွန်ခက်ခဲပါတယ်။ သိပ္ပံနည်းကျ သုတေသနပြုလိုက်တဲ့အခါ ပိုသိလာရတဲ့ အချက်တစ်ခုရှိပါသေးတယ်။ အဲဒါက သမုဒြိကသဘောအရ ဖြစ်ပေါ်လာတဲ့ ငါးရုပ်၊လှေ၊ခရုသင်းပုံ ၊ကြယ်၊သစ်ပင်၊ အလံတံခွန်၊ထီး၊ခရင်ခွ၊ စတဲ့ အမှတ်အသား တွေဟာ မိမိစိတ်ထင်သလို ထင်ရောင်ထင်မှားပြောလို့မရပါဘူး။ ကံလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်း အစရှိတဲ့ လမ်းကြောင်းကြီး၊လမ်းကြောင်းငယ်တွေ နဲ့ ဥပါဒ်လမ်းကြောင်းတွေ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ ဟတ္ထသမုဒြိက ဆိုင်ရာ အမှတ်အသား လား၊ ဒါမှမဟုတ် ဘယ်လမ်းကြောင်းနဲ့မှ မပါတ်သက်ဘဲ သီးခြား ထူးခြားစွာ ပေါ်ထွက်နေတဲ့ အမှတ်အသားလားဆိုတာကို ခွဲခြားရပါတယ်။ အဲဒီလိုခွဲခြားနိုင်ဖို့အတွက် အချိန်များစွာပေးပြီး လေ့လာသုတေသန ပြုရပါတယ်။ အချို့အမှတ်အသားများက သီးခြားပေါ်ထွက်နေမှသာ အစွမ်းသတ္တိထူးခြားတာဖြစ်ပြီး အချို့အမှတ်အသားများ ကတော့ လမ်းကြောင်းတစ်ခုခုနဲ့ ပါတ်သက်နေမှ အဲဒီလမ်းကြောင်းနဲ့ဆိုင်တဲ့ ကိစ္စပေါ်မှာ သက်ရောက်တတ်ပါတယ်။ ဟတ္ထသမုဒြိကအရ ကောင်းခြင်းအမှတ်အသားများရှိသလို အလွန်ဆိုးပြီး ဒုက္ခရောက်စေတဲ့ အမှတ်အသားများ၊ အချိန်မတန်မှီ  သေဆုံးခြင်း၊ သောက  ရောက်ရခြင်း အမှတ်အသားများ၊ အိမ်ထောင်ရေးဆိုင်ရာ အထူးအမှတ်အသားများစွာ ရှိပါတယ်။

ဒါကြောင့် ဟတ္ထသမုဒြိက ပညာရပ်ကို သိပ္ပံနည်းကျဖြစ်အောင် သုတေသနအဖြစ် အသေးစိတ် လေ့လာတဲ့အခါ အလွန်လေးနက်ခက်ခဲ တာကို တွေ့ရသလို လက္ခဏာပညာရဲ့ တိကျမှန်ကန်ခြင်းလျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်ပါ တယ်။ အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်တာနဲ့ လူတစ်ယောက်ရဲ့ ဘဝကံတရားရဲ့ လျှို့ဝှက်ချက်ကိုလည်း တိတိကျကျ ဖော်ထုတ်နိုင်ပါတော့တယ်။ လက္ခဏာရှင်ရဲ့ ဘဝတစ် လျှောက်မှာ ထူးခြား သော ကောင်းခြင်း၊ဆိုးခြင်းတွေကို ဖော်ထုတ်တဲ့အခါ ဟတ္ထသမုဒြိကပညာဟာ မဖြစ်မနေ လိုအပ်လှတဲ့ ပညာ တစ်ခု ဖြစ်တယ်။ လက္ခဏာရှင်ဟာ မိမိကံတရားရဲ့ လျှို့ဝှက်ချက်ကို ကြိုသိတဲ့အခါ ကြိုတင်ပြင်ဆင်ချိန်တွေရပြီး အဆိုးတွေကို ပေါ့ပါး စေပြီး ကောင်းခြင်းတွေကို ခိုင်မာစေပါ တယ်။ဒါကြောင့် လက္ခဏာပညာနဲ့ မိတ်ဆွေများကို အကြံပြုတဲ့အခါ လက္ခဏာရှင်ရဲ့ လက်ဖဝါးပြင် ပေါ်က ထူးခြားတဲ့ ဟတ္ထသမုဒြိက ဆိုင်ရာ အချက်အလက်များကို မဖြစ်မနေ လေ့လာဟောကြားဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

ဆရာကင်္ကသူ
09-255068533(Viber)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top