၇ ရက် သားသမီးများအတွက် နက္ခတ္တဝေဒ ဟောစာတမ်း (၁၈-၃-၂၀၁၈ မှ ၂၅-၃-၂၀၁၈ အထိ)

13-7-2020-yyl-022.jpg

တနင်္ဂနွေ

ယခုအချိန်အခါသည် စီပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ရမည့်အချိန်ဖြစ်သည်။ စိုက်ပျိုးရေး၊ ကျောက်မျက်ရတနာ လုပ်ငန်းများ အကျိုးပေးသည့်ကာလဖြစ်သည်။ မိဘဆရာသမား၏ အထောက်အပံ့ရမည့်အချိန် လည်းဖြစ်သည်။ ငွေကြေးနှင့် ပါတ်သက်ပြီး သူတပါးအား ချေးငှါးခြင်းကို ရှောင်ပါ။ကျန်းမာရေးနှင့်ပါတ်သက်ပြီး အညံ့ဘက်တွင်ရှိပြီး မတော်တဆဖြစ်တတ်သည်။ယာဉ်များကို ကိုယ်တိုင်မောင်းနှင်ပါက သတိထားပေးပါ။ပညာရေးနှင့်ပါတ်သက်ပြီး သင်တန်းသစ်များတက်ရောက်ရတတ်သည်၊နည်းပညာသစ်များ သင်ကြားရမည်။ဤရက်အတွင်း ပရဟိတလုပ်ငန်းများ များများလုပ်ပေးခြင်းဖြင့် စိတ်ချမ်းသာလိမ့်မည်။ အချစ်ရေးအိမ်ထောင်ရေးအတွက် အဖြေတောင်းထားသူများ မတင်မကျဖြစ်နေမည်။ ချစ်သူ၏ သံသယကြောင့်အနေအထိုင်ခက်နေလိမ့်မည် ကြားစကားကြောင့် သွေးအေးနေတတ်သည်။ အိမ်ထောင်ရှင်များ ဘာသာရေးကို အားစိုက်ပေးပါ။ ဝန်ထမ်းဖြစ်ပါက ဌာနတွင်းအရေးကြီးစာရွက်စာတမ်း ပျောက်တတ်သည်။ ၆၊ ၃ ဂဏန်းများအကျိုးပေးမည်။ ပန်းနုရောင်များ ဝတ်ဆင်ခြင်းဖြင့် ကံကောင်းစေပါသည်။

တနင်္လာ

စီးပွားရေးအတွက် အားစိုက်ရမည့်အချိန်အခါဖြစ်သည်။ မွေးမြူရေး၊အိမ်၊ခြံ၊မြေ လုပ်ငန်းများအကျိုးပေးသည်။ ရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်း၏ အထောက်အပံ့ရတတ်သည်။ ငွေကြေးလက်လွယ်ပါက အလိမ်ခံရလိမ့်မည်။ ကျန်းမာရေးအတွက် ရေချိုးမှားခြင်း၊ရေကူးခြင်းတို့ သတိထားပါ၊ အမြင့်မှပြုကျတတ်သည်။ယာဉ်အန္တရာယ်လည်း ရှိသေးသည်။ ပညာရေး သမားများ ဘာသာစာကားဆိုင်ရာသင်တန်း၊အနုပညာဆိုင်ရာသင်တန်းများ တက်ရောက်ရလိမ့်မည်။ ဘဝအတွက် တန်ဖိုးရှိသော ပညာများ ရပါလိမ့်မည်။ လူမှုရေးအနေဖြင့် မိတ်ဆွေသူငယ်ချင်း၏ သာရေး၊နာရေးကိစ္စအတွက် ကူညီရမည်။ အချစ်ရေးအတွက်တော့ မရေမရာနှင့် အချိန်ကုန်နေလိမ့်မည်။ ချစ်သူက အရေးမထားသဖြင့် စိတ်ညစ်ရတတ်သည်။ အိမ်ထောင်ရှင်များ မိသားစု ခရီးထွက်ခြင်းဖြင့် စိတ်ချမ်းသာလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနှင့် အနည်းငယ် အဆင်မပြေဖြစ်တတ်သည်။ ၀၊ ရ ဂဏန်းများအကျိုးပေးလိမ့်မည်။ အဖြူရောင်များက လာဘ်ရွှင်စေမည်။

အင်္ဂါ

စီးပွားရေးအထူးသတိထားရန်လိုအပ်သောအချိန်ဖြစ်သောကြောင့် သတိထားပါ။ ပြည်ပကုန်ပစ္စည်း၊ယာဉ်၊ကား စက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းအကျိုးပေးမည်။ လူမျိုးခြားလုပ်ဖော်ကိုင်ဘက်ထံမှ အထောက်အပံအကူအညီများ ရမည်။ သူတပါး၏ ငွေကြေးကိစ္စအား အာမခံမိပါက မိမိတာဝန်ဖြစ်သွားတတ်သည်။ တရားရင်ဆိုင်ရသည်အထိ ဖြစ်သွားတတ်သည်။ ကျန်းမာရေးအတွက် အားကစားလုပ်ရာမှ မတော်တဆ ထိခိုက်သွားတတ်သည်။ ပညာရေးသမားများ ကောင်းပါသည်။ လူမှုရေးအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ၏ ကျန်းမာရေးကိစ္စများ အတွက် ပါဝင်ကူအညီပေးရမည်။အချစ်ရေး အဆင်ပြေနေမည်။ လက်ထပ်ရန်မဖြစ်သေးပါ၊ ချစ်သူ၏ ပူဆာခြင်းကြောင့် စိတ်ညစ်ရတတ်သည်။ အိမ်ထောင်ရှင်များ အနည်းငယ်ညံ့ပြီး မကြာခဏ စကားများရတတ်ပြီး သံသယဖြစ်နေတတ်သည်။ မိသားစုအရေးအတွက် စိတ်သောက ရောက်ရတတ်သည်။ ဝန်ထမ်းများအတွက် မိမိလုပ်ဖော်ကိုင်ဘက်၏ တာဝန်ကိုပါ ယူထားရတတ်သည်။ ၁၊ ၄ ဂဏန်းများ အကျိုးပေးပါသည်။ အစိမ်းနုပါသောအရောင်းများ ကံကောင်းစေပါသည်။

ဗုဒ္ဓဟူး

လုပ်တိုင်းမဖြစ်သော စီးပွားရေးကြောင့် စိတ်ညစ်နေရမည်။ အိမ်၊ခြံ၊မြေ လုပ်ငန်းများ၊ ကားလုပ်ငန်း၊ စက်ပစ္စည်းလုပ်ငန်းများ အကျိုးပေးမည်။ လူမျိုးခြား မိတ်ဆွေ၏ အကူအညီအထောက် အပံ့ရမည်။ ကျန်းမာရေးအနေဖြင့် ရေချိုးမှားခြင်းဖြစ်ပြီး လေဖြတ်နိုင်ခြင်း၊ လေနှင့်ပါတ်သက်သော ရောဂါများရရှိခြင်း ဖြစ်တတ်သည်၊ အထူးသတိထား သင့်သည်။ပညာရေးအတွက် စီးပွားရေး၊မိသားစုအရေးများဖြင့် ချိန်ထိုးနေရတတ်သည်။ဘဝအတွက် တန်ဖိုးရှိသော လောကီပညာရပ်တစ်ခုရရှိမည်။ လူမှုရေးအနေဖြင့် မိတ်ဆွေ၏ကျန်းမာရေးအတွက် အကူအညီပေးရလိမ့်မည်။ အချစ်ရေးအဆင်ပြေမည်။ ချစ်သူမရှိသူများ ချစ်သူရလိမ့်မည်။ သူငယ်ချင်းတစ်ဦးကြောင့် ချစ်သူချင်း အထင်လွဲတတ်သည်။ နှစ်ဘက်မိဘတို့ကြောင့် မင်္ဂလာရက်နောက်ဆုတ်ရတတ်သည်။ အိမ်ထောင်ရှင်များလည်း သံသယကြောင့် အိမ်တွင်းရေး အေးစက်လိမ့်မည်။ ဝန်ထမ်းများ နေရာပြောင်းရတတ်သည်။ ၂၊ ၅ဂဏန်းများအကျိုးပေးပါသည်။ အဝါရောင်နုနုက ကံကောင်းစေပါသည်။

ကြာသပတေး

စီးပွားရေးလုပ်ရာတွင် လူယုံကိုသတိထားရမည့် အချိန်အခါဖြစ်သည်။ စားသောက်ကုန်၊ဆန်၊ဆီနှင့် စက်ပစ္စည်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ အကျိုးပေးလိမ့်မည်။ ရပ်ဝေးမှမိတ်ဆွေ၏ အထောက်အပံ့ရလိမ့်မည်။ အာမခံထားသော ငွေကြေးကိစ္စအတွက် ပြသနာပေါ်ပေါက်တတ်သည်။ ကျန်းမာရေးအတွက်ကတော့ ဒူးနာ၊ခါးနား၊ ရောဂါများ ဖြစ်တတ်သည်။ သတိပြုရန်မှာ သွေးတိုးရှိသူများ အရေးကြီးသော ရက်ဖြစ်သည်။ ပညာရေးအတွက် ရာထူးစာမေးပွဲ ဖြေဆိုမည့်သူများ သူများထက် စာပိုလုပ်ထားရန်လိုပါသည်။ သင်တန်းမှားတက်မိသဖြင့် အချိန်ကုန်၊ငွေကုန်ဖြစ်တတ်သည်။ သူငယ်ချင်း မိတ်ဆွေတစ်ယောက်၏ အလှူမင်္ဂလာကိစ္စအကူအညီပေးရမည်။ အချစ်ရေးအဆင်ပြေမည်။ လက်ထပ်ဖို့ရက်ရွေးရမည်။ အိမ်ထောင်ရှင်များ မိဘဆွေမျိုးများထံမှ အမွေပစ္စည်းများ ရတတ်သည်။ ထီထိုးသင့်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးနိုင်သည်။ ၃၊ ၆ ဂဏန်းသည်အကျိုးပေးသည်။ အပြာနုနု ရှိသောအရောင်က ကံကောင်းစေလိမ့်မည်။

သောကြာ

စီးပွားရေးကို အထူးအားစိုက်ပြီးလုပ်လိုက်ပါ ၊အကျိုးခံစားရမည့် အချိန်ဖြစ်သည်။စိုက်ပျိုးမွေးမြူရေးနှင့် အိမ်၊ခြံ၊မြေလုပ်ငန်းများမှာ အထူးအကျိုးပေးနေသည်။အစ်ကိုကြီး အစ်မကြီးတို့၏ အထောက်အပံကို ရရှိလိမ့်မည်။ လုပ်ငန်းကို ရဲရဲလုပ်ပါ။ သူတစ်ပါးထံမှ ငွေချေးငှါးခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ (ပြန်မဆပ်နိုင်ဖြစ်တတ်သည်)။ ကျန်းမာရေးအနေဖြင့် သွေးတိုး၊ဆီချိုရှိသူများ ဆရာဝန်ဖြင့် ပြန်စစ်ဆေးပါ။ နေပူကြောင့် ကျန်းမာရေး အခြေအနေဆိုးလာနိုင်သည်။ ပညာရေးသမားများအတွက် သင်တန်းများ မတက်သင့်သေးပါ၊လက်တွေ့လုပ်ငန်းနှင့် သက်ဆိုင်သော ဗဟုသုတများ လေ့လာရမည့်အချိန်ကောင်းဖြစ်သည်။ ဤရက်အတွင်း ဘာသာရေးနှင့်ဆိုင်သော ပွဲများကို ကူညီပါ။ အချစ်ရေးကတော့ မရောရာမသေချာဘဲ အလွမ်းနှင့် အဆုံးသတ်ပါလိမ့်မည်။ အဖြူအမဲသဲကွဲသော အဖြေလည်း ရရှိလိမ့်မည်။ အိမ်ထောင်ရှင်များ ခရီးသွားရလိမ့်မည်။ကောင်းသောခရီးဖြစ်ပါလိမ့်မည်။ဝန်ထမ်းဖြစ်ပါက အရေးကြီး စာရွက်စာတမ်းပျောက်တတ်သည်။ ၄၊ ၈ ဂဏန်းသည်အကျိုးပေး၏။ အပြာရောင်သည် ကံကောင်းစေမည်ဖြစ်သည်။

စနေ

ဤကာလအတွင်း စီးပွားရေးမှာ လုပ်တိုင်းမဖြစ် စိတ်ညစ်ရသည့်အချိန်ဖြစ်သည်။ ကန်ထရိုက်လုပ်ငန်းများ၊ ဈေးရောင်းခြင်း၊အနုပညာနှင့်ဆိုင်သော လုပ်ငန်းများကောင်းပါသည်။ မိမိ၏ ဆရာသမားများထံမှ အကူအညီ အထောက် အပံရရှိမည်။ ကျန်းမာရေးအနေဖြင့် မတော်တဆဖြစ်ခြင်း ရှိတတ်ပြီး ကား၊ဆိုင်ကယ် ကိုယ်တိုင်မောင်းပါက ထိမိ၊ခိုက်မိတတ်သည်။ အမြင့်မှပြုတ်ကျတတ်သဖြင့် အမြင့်တွင်လုပ်ကိုင်ရသောသူများ(အထူး) သတိထားရမည်။ မထင်မှတ်သော သင်တန်းတစ်ခု တက်ရမည်၊ထိုသင်တန်းကို တက်ဖြစ်အောင်တက်ပါ။တန်ဖိုးရှိသော လောကီပညာရပ်များလည်း လေ့လာလိုက်စားရလိမ့်မည်။ ဘာသာရေး လူမှုရေးကိစ္စရပ်များတွင် အကူအညီပေးပါ။ အချစ်ရေး အဆင်ပြေပြီး၊ လက်ထပ်ရန်ကိစ္စမှာလည်း အဆင်ပြေပါလိမ့်မည်။သို့သော် ချစ်သူ၏ မိဘဆွေမျိုးများကြောင့် အချိန်နောက်ကျတတ်သည်။ အိမ်ထောင်ရှင်များ အထင်လွဲခံရတတ်သည်။ မမျှော်လင့်သော ငွေဝင်လာနိုင်သဖြင့် ထီထိုးသင့်သည်။ ဝန်ထမ်းဖြစ်ပါက မိမိအောက်ဝန်ထမ်းကြောင့် မိမိမှာ တာဝန်ခံရလိမ့်မည်။ ၄၊ ၅၊ ၈ ဂဏန်းများ အကျိုးပေးသည်။ အနီရောင်သည် ကံကောင်းစေသည်။

ဆရာ ကင်္ကသူ (နက္ခတ္တဝေဒနှင့် သိပ္ပံလက္ခဏာ သုတေသီ)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top