မြောက်ကိုရီးယားနယ်စပ်က တရုတ်မြို့မှာ COVID-19 လူနာ မြင့်တက်လာလို့ အသွားအလာပိတ်ဆို့

11-5-2020-yyl-017.jpg

မြောက်ကိုရီးယားနယ်စပ်နားမှာရှိတဲ့ တရုတ်မြို့တစ်မြို့မှာ COVID-19 ကူးစက်ခံရသူ မြင့်တက်လာလို့ အသွားအလာပိတ်ဆို့ထားပါတယ်။ ကျီလင်းပြည်နယ်မှာရှိတဲ့ ရှူလန်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ COVID-19 လူနာသစ် ၁၁ ယောက် ထပ်တိုးလာပါတယ်။ လူနာသစ် ၁၁ ယောက်လုံးဟာ ရောဂါပိုးရှိတဲ့ ခဝါသည်အမျိုးသမီးနဲ့ ဆက်နွှယ်နေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ အသက် ၄၅ နှစ်ရှိတဲ့ ခဝါသည်အမျိုးသမီးဟာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိသူပါ။ သူကတစ်ဆင့် သူ့ခင်ပွန်း၊ သူ့ညီအစ်မတွေနဲ့ တခြားမိသားစုဝင်တွေကို ရောဂါကူးစက်ခဲ့တာပါ။

ခဝါသည်အမျိုးသမီးကို ရောဂါဘယ်လိုကူးစက်တာလဲဆိုတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုး ထင်ကြေးပေးနေကြပါတယ်။ ရှူလန်မြို့တစ်ဝန်းက အများပြည်သူဆိုင်ရာ နေရာတွေကို ပိတ်ထားပြီး ဒေသခံအားလုံးကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပါတယ်။ ပြည်သူ့ပို့ဆောင်ရေးစနစ်ကို ဆိုင်းငံ့ထားပြီး အဆင့်(၃)ဆင့်ရှိတဲ့ အဆင့်သတ်မှတ်ချက်မှာ ရှူလန်မြို့ကို အန ္တရာယ်ဖြစ်နိုင်ခြေ အများဆုံးမြို့အဖြစ် သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက COVID-19 ရောဂါကူးစက်မှုမရှိဘူးလို့ ကြေညာထားပေမဲ့ လေ့လာစောင့်ကြည့်သူတွေကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ပျံနှံ့မှုကို ဖုံးကွယ်ထားတာဖြစ်မယ်လို့ စွပ်စွဲထားကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top