COVID-19 ရောဂါပိုးရှိသူတွေကို ခြေရာခံစောင့်ကြည့်ရာမှာ ပြည့်တန်ဆာတွေက အရမ်းကူညီပေးခဲ့တယ်လို့ ဇမ်ဘီယာကျန်းမာရေးဝန်ကြီး ဂုဏ်ပြု

11-5-2020-yyl-018.jpg

ဇမ်ဘီယာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နာခွန်ဒီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ မြင့်တက်လာခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေကို ခြေရာခံစုံစမ်းရာမှာ ပြည့်တန်ဆာတွေက ကူညီပေးနေတယ်လို့ ဇမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ နာခွန်ဒီမြို့မှာ COVID-19 လူနာသစ် ၈၅ ယောက်ရှိလာတဲ့အနက် ၇၆ ယောက်က ပြည့်တန်ဆာ ဒါမှမဟုတ် လော်ရီကားယာဉ်မောင်းတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ချီလူဖာက ပြောပါတယ်။

” ပြည့်တန်ဆာတွေက အမှန်တကယ် ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အချက်အလက်မှန်သမျှ ပေးတယ်။ ရောဂါပိုးရှိသူတွေကို ခြေရာခံရှာဖွေရာမှာ သူတို့က အရမ်းအသုံးဝင်ပါတယ်။ နာခွန်ဒီမြို့ရဲ့ အခြေအနေကတော့ ဆိုးရွားနေတုန်းပါပဲ။ သမ္မတကလည်း စိုးရိမ်နေတယ်”လို့ ချီလူဖာက ဆိုပါတယ်။ ဇမ်ဘီယာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၆၇ ယောက်ရှိပြီး ၇ ယောက် သေဆုံးခဲ့ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ အားကောင်းခိုင်မာစေဖို့ တစ်လကြာ ပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဇမ်ဘီယာသမ္မတ လန်ဂါက စားသောက်ဆိုင်တွေ၊ ကာစီနိုဝိုင်းတွေ၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမတွေကို ပြန်ဖွင့်ပြီလို့ သမ္မတလန်ဂူက ကြေညာခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top