ခရီးရှည်သွားမယ့်သူတို့အတွက် တစ်လလုံးစာပစ္စည်းထည့်နည်း

44993880_289358868581310_5879948058019495936_n.jpg

ခရီးသွားတိုင်း သယ်သွားချင်တဲ့ပစ္စည်းကများပြီး အကုန်မသယ်နိုင်တာနဲ့ အိတ်ထဲမလောက်တော့တာရယ်က လူတိုင်းကြုံတွေဖူးနေကျ ပြဿနာတစ်ခုပါ။ နောက်ပြီးအရည်ပါတဲ့ အသုံးအဆောင်တွေနဲ့ ကိုယ်အရမ်းကြိုက်တဲ့ စီးပြီးသားဖိနပ်တွေဟာဆိုရင်လည်း

အင်္ကျီတွေနဲ့ကြားညှပ်ထည့်သွားဖို့ အဆင်မပြေတာရယ်ကြောင့် အိမ်မှာပဲချန်ခဲ့ရတာများပါတယ်။ ဒီလိုဆို ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်ယူသွားချင်တဲ့ ပစ္စည်းအားလုံးကို ခရီးစဉ်တောက်လျှောက် ယူသွားနိုင်မယ့်နည်းလမ်းတွေက ဘာတွေဖြစ်မလဲကြည့်လိုက်ကြရအောင်ပါ။

၁။ စီးပြီးသားဖိနပ်တွေကို သယ်သွားချင်ရင်

စီးပြီးသားမို့ အောက်ခြေတွေကညစ်ပတ်နေမယ်။ ဆေးဖို့ကလည်း ကိုယ့်မှာအချိန်မရှိတော့ဘူးဆို ကျွပ်ကျွပ်အိတ်နဲ့သာ ထုပ်သွားလိုက်ပါ။ နောက်ထပ် အိမ်ကစီးလာတုန်းကအသန့်၊ ခရီးမှာမှလဲစီး၊ ထုတ်စီးဖြစ်တဲ့ ဖိနပ်တွေကိုလည်း ဒီနည်းအတိုင်းပြန်သိမ်းခဲ့လို့ရပါတယ်။

၂။ အားသွင်းကြိုးနဲ့ နားကျပ်တွေကို

အားသွင်းကြိုး၊ နားကြပ်နဲ့ တခြားသင်လိုအပ်တဲ့ ကြိုးတွေအားလုံးကို မျက်မှန်ဗူးလို ဗူးအလွတ်တစ်ခုထဲ စုသိမ်းသွားလို့ရပါတယ်။ ဒီတိုင်းအိတ်ထဲ ပစ်ထည့်သွားမယ်ဆို ကြိုးတွေရှပ်ပြီး ရှာရခက်မယ့်အပြင် တစ်စုတစ်စည်းတည်းမရှိနေတာမို့ အလွယ်တကူလည်း မတွေ့နိုင်ပါဘူး။ ဒါ့အပြင်ဗူးတစ်ခုထဲမှာ စုထည့်ထားတာကြောင့် ဟိုတစ်စ၊ ဒီတစ်စ နေရာလိုက်မယူနေတော့ပါဘူး။

၃။ အရည်ပါတဲ့ပစ္စည်းတွေကို

သွားတိုက်ဆေး၊ လိုးရှင်းနဲ့ တိုနာတို့လို အရည်ပါပြီး ဖိမိ၊ ညှစ်မိတာနဲ့ ရုတ်တရက်ထွက်လာနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဆို ပုံမှာပြထားတဲ့အတိုင်း အဖုံးဝမှာပလတ်စတစ်တစ်ထပ်ခံပြီးမှ ထုပ်ပိုးပေးပါ။ ပိုပြီးစိတ်ချရအောင် ပလတ်စတစ်အုပ်ပြီးရင် သားရေပင်နဲ့တစ်ထပ်လောက် ထပ်စည်းပေးလိုက်ပါ။

၄။ မိတ်ကပ်နဲ့ ခရင်မ်တွေကို

မိတ်ကပ်ပစ္စည်းတွေကို ဗူးလိုက်ကြီးအကုန်သယ်တာက သင့်ကို ဝန်ပိုလေးစေပါတယ်။ ဒါကြောင့်မို့ လိုအပ်သလောက်ပမာဏကိုပဲ travel size ဗူးလွတ်လေးတွေထဲ ခွဲထည့်ပြီး သယ်သွားပါ။ သိသိသာသာကို နေရာလွတ်တွေထွက်လာပါလိမ့်မယ်။

၅။ ကျိုးပဲ့လွယ်တဲ့ပစ္စည်းတွေကို

ရောင်စုံခဲတံ၊ ကလစ်နဲ့ အခြားသောကျိုးလွယ်၊ ပဲ့လွယ်တဲ့ပစ္စည်းတွေကို ဒီတိုင်းမသယ်သွားဘဲ ပလတ်စတစ်ဗူးအသေးလေးတွေထဲ ပြောင်းထည့်ပေးပါ။ နားကပ်၊ လက်ကောက်နဲ့ လက်စွပ်တို့လိုပစ္စည်းတွေကိုဆို မခြစ်မိစေဖို့အတွက် ဗူးထဲမှာ ဂွမ်းစလေးတွေခံပြီး သိမ်းပေးပါ။

ကဲ … ဒီလောက်ဆို လွယ်ကူရိုးရှင်းတဲ့ ပစ္စည်းထုပ်ပိုးနည်းလေးတွေကို သိပြီးလောက်ပြီထင်ပါတယ်။ ဒီနည်းလေးတွေနဲ့သာ သင့်ပစ္စည်းတွေကို သယ်မယ်ဆို တစ်လလုံးမကလို့ တစ်နှစ်လုံးခရီးထွက်လည်း သယ်ဆောင်ရအခက်အခဲဖြစ်မှာ စိတ်ပူစရာမလိုတော့ပါဘူး။ အသုံးဝင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Ref: Pinterest “5 TRAVEL HACKS THAT WILL MAKE TRAVELING EASIER”

PoMo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top