အောင်လအန်ဆန်က ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ခဲ့

yyl-034.jpg

ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်ကြီးတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် လက်ဘနွန်နိုင်ငံသား ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်သော Mohammad Karaki ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့သည်။

ပထမအချီအစပိုင်းကတည်းကပင် အောင်လအန်ဆန်သည် ပြိုင်ဘက်အပေါ် လက်သီးချက်များ ဆက်တိုက်ထိုးသွင်းနေနိုင်ခဲ့ကာ ပြိုင်ဘက်၏ မြေပြင်ပေါ်လှဲချတိုက်ခိုက်ကွက်ကို ကာကွယ်ထားနိုင်ခဲ့သည်။ Karaki သည် လက်ဆမှန်ကန်သော အောင်လ၏ ပင့်လက်သီးချက်များကို ကြာရှည်ခံနိုင်ရည်မရှိဖြစ်ခဲ့သဖြင့် ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး မြန်မာ့ဂုဏ်ဆောင်သူရဲကောင်း အောင်လအန်ဆန်ကို အနိုင်ပေးခဲ့သည်။

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်အန်ဆန်က “ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော်က ဒီထက်ပိုကြိုးစားသွားမှာဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ပွဲတွေ ထပ်ပြီးယှဉ်ပြိုင်သွားမှာပါ။ မြန်မာနိုင်ငံသား သန်း ၆၀ နဲ့ အတူ ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အတူတူကြိုးစားမယ်ဆိုရင် ဘယ်အရာကိုမဆို ရယူနိုင်ပါတယ်။”

{gallery}10_AungLaNSang_ MohammadKaraki{/gallery}

ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်တွင် မလေးရှားနိုင်ငံသား Keanu Subba သည် ပြိုင်ဘက်ဖြစ်သူ မြန်မာနိုင်ငံသား ဖိုးသော်ကို ပထမအချီတွင်ပင် အနိုင်ယူကာ ပရိတ်သတ်များကို ငြိမ်ကျသွားစေခဲ့သည်။ ပထမအချီတွင် Subba သည် ဖိုးသော်၏ မတ်တတ်ရပ်ထိုးသတ်ကွက်အားသန်မှုကို အသုံးမချနိုင်စေရန်အတွက် မြေပြင်ပေါ်တွင် ဖိုးသော်ကို စောစီးစွာပင် လှဲချထားခဲ့သည်။ ထိုအချီအလယ်လောက်အရောက်တွင်ပင် Subba သည် ဖိုးသော်၏ အမှားကို အခွင့်ကောင်းယူကာ အားပြင်းသော လည်ပင်းချုပ်ကွက်ကို ချက်ချင်းအသုံးပြုပြီး ပြိုင်ဘက်ကို အရှုံးပေးစေခဲ့သည်။

{gallery}9_PhoeThaw_Keanu_Subba{/gallery}

နှစ်ထပ်ကွမ်း ဟဲဗီးဝိတ် Superkombat ကမ္ဘာ့ချန်ပီယံ နယ်သာလန်နိုင်ငံသား Tarik Khbabez နှင့် Moroccan-Dutch အနွယ်ဝင် ကစားသမား Ibrahim El Bouni သည် ONE Super Series Kickboxing ပွဲစဉ်ကြီးတွင် စိတ်လှုပ်ရှားဖွယ် အကျိတ်အနယ် ယှဉ်ပြိုင်နေခဲ့ရာမှ တတိယအချီတွင် ပွဲသိမ်းကွက်ဖြင့် အနိုင်ယူခဲ့သည်။ ပထမအချီအတွင်းတွင် ကစားသမားနှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး ထိုးသွင်းချက်များဖြင့် အလျော့မပေးစတမ်း ယှဉ်ပြိုင်နေခဲ့သည်။ တတိယအချီအဆုံးပိုင်းတွင် Khbabez ကပင် ပြိုင်ဘက်၏ ကိုယ်ပေါ်သို့ အဆက်မပြတ်ထိုးနှက်ချက်များ ပစ်သွင်းကာ ဒိုင်ပွဲရပ်ပုံစံဖြင့် န်ိုင်ပွဲရယူသွားခဲ့သည်။

{gallery}8_IbrahimElBouni_TarikKhbabez{/gallery}

ဂျပန်နိုင်ငံသား ချုပ်ကွက်ကျွမ်းကျင်ကစားသမား Masakazu “Ashikan Judan” Imanari က စင်ကာပူနိုင်ငံသား Radeem Rahman ကို ပြင်းထန်သော လက်ချုပ်ကွက်အသုံးပြုကာ ၈၃ စက္ကန့်အတွင်းပင် အနိုင်ရယူခဲ့သည်။ Imanari အနေဖြင့် Rahman ကို စက္ကန့်ပိုင်းအတွင်းပင် မြေပြင်ပေါ်လဲချ၍ ပခုံးချုပ်ကွက်အသုံးပြုကာ ပွဲကို အဆုံးသတ်နိုင်ရန်ကြိုးစားခဲ့သည်။ ထိုချုပ်ကွက်လွတ်ထွက်သွားသည့်အချိန်တွင် Imanari သည် အလျင်အမြန်ပင် ထပ်မံ၍ လက်ချုပ်ကွက်ကိုပြောင်းလဲအသုံးပြုလိုက်ကာ Rahman ကို အရှုံးပေးစေခဲ့ကာ ၎င်း၏ကစားသမားမှတ်တမ်းတွင် ၂၆ ပွဲမြောက် ချုပ်ကွက်သုံးပြုနိုင်ပွဲကို ရယူနိုင်ခဲ့သည်။

{gallery}7_RadeemRahman_MasakazuImanari2{/gallery}

ထိန်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံ Han Zi Hao သည် ပထမအချီတွင်ပင် ဖိလစ်ပိုင်နိုင်ငံသား မွေထိုင်းချန်ပီယံ ပွဲဦးထွက်ယှဉ်ပြိုင်သူ Ryan Jakiri ၏ ထိုးနှက်မှုများကို ကျော်ဖြတ်ကာ အလဲထိုးကွက်ဖြင့် အနိုင်ရယူခဲ့သည်။ ပွဲအစပိုင်းတွင် Jakiri သည် Han အပေါ်သို့ အချိန်ကိုက်ထိုးသွင်းချက်များ၊ ပြင်းထန်သော အောက်ပိုင်းကန်ချက်များဖြင့် တရစပ် ထိုးနှက်နေနိုင်ခဲ့သော်လည်း၊ အဆုံးတွင် Han ကပင် Jakiri မေ့မျောသွားနိုင်လောက်သော တန်ပြန်ထိုးသွင်းချက်တစ်ခုကို ပစ်သွင်းလိုက်ကာ အလဲထိုးအနိုင်ရယူသွားနိုင်ခဲ့သဖြင့် ONE Super Series စင်မြင့်ထက်တွင် Han က ၎င်း၏ ဒုတိယမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

{gallery}6_HanZiHao_RyanJakiri{/gallery}

နှစ်ထပ်ကွမ်းလက်ဝှေ့ရွှေခါးပတ်ချန်ပီယံဖြစ်သူ မြန်မာနိုင်ငံသားရဲသွေးနီသည် တစ်နိုင်ငံတည်းသား မိုက်ရိုင်း၏ အကျိတ်အနယ်ကြိုးပမ်းယှဉ်ပြိုင်မှုကို တွန်းလှန်၍ ဒိုင်ဆုံးဖြတ်ချက်ဖြင့် နိုင်ပွဲရယူခဲ့သည်။ ကစားသမားနှစ်ဦးသည် ပြိုင်ပွဲတစ်လျှောက်လုံး အားအင်အပြည့်ဖြင့် ပြင်းပြင်းထန်ထန် အစွမ်းပြယှဉ်ပြိုင်ထိုးသတ်နေနိုင်ခဲ့ကာ တတိယအချီအပြီးတွင် ဒိုင်သုံးဦးလုံး၏ အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် ရဲသွေးနီကို အနိုင်ပေးခဲ့သည်။

{gallery}5_YeThwaAyNe_MiteYine{/gallery}

ONE ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း စိန်ခေါ်သူ ဘရာဇီးလ်နိုင်ငံသား Luis “Sapo” Santos သည် ဂျပန်နိုင်ငံသား ပွဲဦးထွက်ယှဉ်ပြိုင်သူ Daichi Abe ကို လျင်မြန်စွာ အနိုင်ထိုး၍ ၎င်းအတွက် နိုင်ပွဲပြန်လည်ရယူခဲ့သည်။ Santos သည် Abe ၏ ခန္တာကိုယ်ပေါ်သို့ ပြင်းထန်သောကန်ချက်များပစ်သွင်းကာ ၃၃ စက္ကန့်တွင်ပင် အလဲထိုးအနိုင်ရယူခဲ့သည်။

{gallery}4_LuisSantos_DaichiAbe{/gallery}

ONE Super Series Kickboxing ပြိုင်ပွဲတွင် ဩစတေးလျနိုင်ငံသား Josh Tonna နှင့် အီတလီနိုင်ငံသား Joseph Lasiri တို့ ရင်ဆိုင်ခဲ့ကြပြီး စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ကိုယ်ခံပညာစွမ်းရည်များ ပြသခဲ့ကြသည်။ ပြိုင်ပွဲကြီး၏ တတိယအချီတိုင်သည်အထိ ကစားသမားနှစ်ဦးလုံးသည် အကောင်းဆုံးအနေအထားနှင့် အပြန်အလှန် ထိုးသတ်နေခဲ့ရာမှ Tonna သည် Lasiri အပေါ်သို့ ပြင်းထန်သော ကန်ချက်များနှင့် အားကောင်းသော လက်သီးချက်များနှင့် ထိုးနှက်ခြင်းဖြင့် ၎င်း၏ သာလွန်ကောင်းမွန်သော နည်းစနစ်ပိုင်နိုင်မှုကို ပြသနိုင်ခဲ့သည်။ ပွဲအဆုံးသတ်တွင် ဒိုင်လူကြီးသုံးဦးလုံးက အသက် ၃၀ အရွယ်ရှိသော ဩစတေးလျကစားသမား Tonna ကို အနိုင်ပေးခဲ့သည်။

{gallery}3_JosephLasiri_JoshTonna{/gallery}

ထိပ်တန်း ဘန်တန်ဝိတ်တန်းကစားသမားနှစ်ဦးယှဉ်ပြိုင်သည့် ပွဲကြီးတွင် အာဖဂန်နစ်စတန်နိုင်ငံသား Ahmad Qais Jasoor က တရုတ်နိုင်ငံသားပြိုင်ဘက်ဖြစ်သူ Ma Xu Dong ကို အနိုင်ယူလိုက်ကာ ONE Chammpionship ပြိုင်ပွဲကြီးတွင် ၎င်း၏ ပထမဦးဆုံးနိုင်ပွဲကို ရရှိခဲ့သည်။ Jasoor သည် ဘယ်ခြေရှေ့နားကပ်သည့်အနေအထားမှ ဘယ်သန်အနေအထားသို့ ပြောင်လဲလိုက်ကာ Ma ပေါ်သို့ လက်သီးများတရစပ်ပစ်သွင်းနေနိုင်ခဲ့သည်။ Jasoor ၏ ဘယ်ညာပြောင်းလဲထိုးသတ်ချက်များကို တွန်းလှန်နိုင်ခြင်းမရှိသော Ma အပေါ်ကို ဒုတိယအချီတွင်ပင် Jasoor က ဘယ်လက်သီးတစ်ချက်ထိုးသွင်းပြီး ဆက်တိုက်ဆိုသလို ထိုးသွင်းချက်များပြုလုပ်ကာ အလဲထိုးအနိုင်ယူသွားခဲ့သည်။

{gallery}2_MaXuDong_AhmadQaisJasoor{/gallery}

ပြိုင်ပွဲကြီး၏ စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ပွဲတစ်ပွဲဖြစ်သည့် ဖယ်သာဝိတ်တန်းတွဲဆိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသား Rudy Agustian နှင့် ဖိလစ်ပိုင်နိုင်ငံသား Kaji Ebin တို့ ရင်ဆိုင်ခဲ့ကြသည်။ ONE Championship ပြိုင်ပွဲကြီးတွင် အနိုင်ပွဲရယူရန် ဆန္ဒပြင်းပြလျက်ရှိသော Agustian က Ebin ကို ပထမအချီတွင်ပင် လက်မောင်းချုပ်ကွက်ကို ခက်ခဲစွာအသုံးပြု၍ လှပသေသပ်စွာ  အနိုင်ရယူခဲ့သည်။

{gallery}1_RudyAgustian_KajiEbin{/gallery}

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top