အိန္ဒိယနိုင်ငံမှာ ကားလမ်းဘေးအိပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၁၃ ယောက် ကားကြိတ်ခံရလို့ သေဆုံး

19-1-2021-yyl-21.jpg

အိန္ဒိယနိုင်ငံမှာ ကားလမ်းဘေး အိပ်စက်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၁၃ ယောက် ကားကြိတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၉ ရက် နံနက်အစောပိုင်းက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။

ထရပ်ကားနဲ့ တွဲယာဉ်တိုက်မိပြီး ထရပ်ကားယာဉ်မောင်းက အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး စင်္ကြံပေါ်မှာ အိပ်နေသူတွေကို တက်ကြိတ်မိခဲ့တာပါ။ အဲဒီဖြစ်ရပ်မှာ လူ ၆ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်ကနေ အလုပ်လာလုပ်သူတွေဖြစ်ပြီး နေ့လယ်ဘက် အလုပ်လုပ်ပြီးတဲ့အခါ ဒီစင်္ကြံလမ်းပေါ်မှာ လာအိပ်ကြသူတွေပါ။ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကတော့ ဝမ်းနည်းစရာကောင်းလွန်းတဲ့ လူ့အသက်ဆုံးရှုံးမှုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေမှာ ရွှေ့ပြောင်းလုပ်သားတွေက စင်္ကြံလမ်းပေါ် အိပ်စက်လေ့ရှိသလို ယာဉ်မတော်တဆမှုတွေ ကြုံရတာမျိုးလည်း ရှိခဲ့ပါတယ်။

Ref: BBC ” Surat accident: Truck crushes 16 migrant workers to death in India “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top