ဂျူဗင်တပ်ဂန္ထဝင်ကစားသမားဟောင်း ဒယ်ပီယာရို ဆေးရုံတက် ကုသခဲ့ရ

18-5-2020-yyl-007.jpg

ဂျူဗင်တပ်နဲ့ အီတလီ ဂန္ထဝင်ကစားသမားဟောင်း ဒယ်ပီယာရိုဟာ ကျောက်ကပ်ထဲမှာ ကျောက်တည်နေတာကို ခွဲစိတ်ဖယ်ရှားဖို့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ ဒယ်ပီယာရိုဟာ ၂၀၀၆ ခုနှစ်က အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့အတူ အဓိကဆုဖလား ၁၄ ဂိုး ဆွတ်ခူးနိုင်ခဲ့သူပါ။ အိန္ဒိယကလပ် ဒေလီဒိုင်နမိုအသင်းမှာ ကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာတော့ ဘောလုံးသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ လော့စ်အိန်ဂျလိစ်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူ့ရဲ့ Edge Americas ကုမ္ပဏီကတစ်ဆင့် အပျော်တမ်းဘောလုံးကလပ် LA10FC ကို ပိုင်ဆိုင်ထားသူပါ။ ” ၃ မီလီမီတာလောက်ပဲ ရှိတဲ့အရာတစ်ခုက ဒီလောက် နာကျင်လိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး”လို့ သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒယ်ပီယာရိုဟာ လော့စ်အိန်ဂျလိစ်မြို့မှာ စားသောက်ဆိုင်တစ်ဆိုင်လည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top