ကိုယ့်ဝေဒနာကိုမေ့ထားပြီး ကိုဗစ်လူနာတွေကို ကုသပေးခဲ့တဲ့ သူနာပြု ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရ

10-8-2020-yyl-001.jpg

ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာ COVID-19 လူနာတွေကို ရှေ့တန်းကနေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက တစ်ချိန်လုံးဂရုစိုက် ကုသပေးနေရတာကို လူတိုင်းအသိပါပဲ။ သူတို့တွေက ကိုယ်ပိုင်အချိန်တွေ၊ ကိုယ့်ရဲ့ကျန်းမာရေးကို မငဲ့ဘဲ လူနာတွေကို ကုသပေးနေရတာဖြစ်ပါတယ်။ Greater Manchester ကောင်တီက သူနာပြု ဆက်တီ ဘူနာဗန်တူရာ (Sette Buenaventura) ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ဂရုစိုက်ပေးဖို့ကိုပဲ အာရုံစိုက်မိနေတာကြောင့် သူ့ခြေထောက်က နာကျင်မှုကို လျစ်လျူရှုခဲ့မိတဲ့အတွက် ခြေထောက်ဖြတ်ပစ်ခဲ့ရပါတယ်။

ဘူနာဗန်တူရာက Salford Royal Hospital မှာ သူနာပြုအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူဟာ ရှေ့တန်းကနေ ဗိုင်းရပ်စ်ကို တွန်းလှန်ရင်း (၂) လလောက် သူ့ညာဘက်ခြေသလုံး ကြွက်သားမှာ ကြွက်တက်နေတာကို လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။ နာကျင်မှုက လမ်းလျှောက်ရ ခက်ခဲစေခဲ့ပေမယ့် ဘူနာဗန်တူရာက ဆေးရုံမှာ ခြေထောက်ကို အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်းရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလို့သာ မှတ်ယူထားခဲ့တာပါ။ “ကျွန်မတို့ကို လိုအပ်ခဲ့တဲ့သူတွေကို ကူညီပေးဖို့အတွက် နာရီတိုင်းရှိနေပေးရပါတယ်။ သူတို့ကို ကျွန်မ တကယ်ကူညီပေးချင်ခဲ့တယ်။

သူနာပြုတစ်ယောက်အနေနဲ့အလုပ်လုပ်မယ်ဆိုရင် အခြားသူတွေကို ကူညီပေးနေရတဲ့အတွက် ကိုယ့်ရဲ့နာကျင်မှုကို မေ့ထားရတယ်။ ဒါပေမဲ့ အရာအားလုံးကို ကိုယ့်ဘဝအတွက် အရေးကြီးဆုံးအရာတွေအဖြစ် မှတ်ယူရပါတယ်”လို့ ဘူနာဗန်တူရာက ပြောပါတယ်။ ဘူနာဗန်တူရာက သူ့ခြေထောက်ရဲ့နာကျင်မှုကို ထပ်ပြီး လျစ်လျူမရှုနိုင်တော့တဲ့အချိန် ဧပြီလမှာ သူ့ခြေထောက်ကို ဓာတ်မှန်ရိုက်ခဲ့ပြီး ကြွက်သားကဖြစ်တဲ့ ကင်ဆာအကြိတ်ဆိုတာ သိရှိခဲ့ရပါတယ်။ ကင်ဆာအကြိတ်က ဂေါက်သီးအရွယ်လောက်ထိ ရောင်ရမ်းလာခဲ့တယ်လို့ ဆိုပါတယ်။ မေလမှာ သူ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးက ခြေထောက်ဖြတ်ပစ်ရမယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

“သူတို့တွေက ကျွန်မရဲ့ခြေထောက်ကို ဖြတ်ပစ်ရမယ်လို့ပြောတော့ ကျွန်မ စဉ်းစားဖို့အချိန်တောင် မရှိခဲ့တဲ့အတွက် အရမ်းစိတ်ပျက်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ရတာနဲ့ ကျန်းမာအောင်နေဖို့ အကောင်းဆုံးကြိုးစားရတာကြိုက်တယ်။ ကျွန်မက ကျန်းမာရေးစောင့်ရှောက်ရေးစင်တာမှာ အလုပ်လုပ်တယ်။ ကျွန်မမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး”လို့ ဘူနာဗန်တူရာက ပြောပါတယ်။

ဘူနာဗန်တူရာဟာ ခွဲစိပ်ကုသမှုခံယူပြီးကတည်းက ခြေတုတပ်လိုက်ပါပြီ။ နိုဝင်ဘာလမှာ လုပ်ငန်းခွင်ထဲ ပြန်ဝင်တော့မှာ ဖြစ်ပါတယ်။ သူက သူ့ရဲ့အမှားကနေ သင်ခန်းစာဖို့နဲ့ နာကျင်မှုကို တောင့်ခံမထားဖို့ လူတွေကို တိုက်တွန်းထားပါတယ်။

Ref: BBC “Coronavirus: Nurse who ignored pain has leg amputated”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top