ကလေးတွေ ဦးနှောက်စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ အစားအစာ (၇ ) မျိုး

paediatrician-doctor-doing-brain-treatment-to-BPU3H7Y.jpg

ကလေးရဲ့ ဘဝမှာ ပထမ (၃) နှစ်အရွယ်က ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီး တဲ့ အချိန်ပါ။ ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးစေမှုကို အထောက်အကူပေးတဲ့ နေရာမှာ အစားအစာက အဓိကကျပါတယ်။

သားသား၊ မီးမီး တို့ကို ဦးနှောက်ဖွံ့ဖြိုးစေတဲ့ အစားအစာ (၇) မျိုးကို ဖော်ပြပေးချင်ပါတယ်။

ဟင်းသီးဟင်းရွက်

အရောင်စိုတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အန်တီအောက်ဆီးဒန့်ကြွယ်ဝပါတယ်။ အန်တီအောက်ဆီဒန့်က ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဦးနှောက်စွမ်းရည်မြင့်မားဖို့ စားပေးသင့်တဲ့ အသီးအရွက်တွေက ကန်စွန်းဥ၊ ဖရုံသီးနဲ့ မုန်လာဥတို့ပဲ ဖြစ်ပါတယ်။ ဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်တို့ကလည်း သံဓာတ် ကြွယ်ဝစေပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ အာရုံကြောဆဲလ်တွေကို ဆက်သွယ်ပေးတဲ့ DHA ပါဝင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးတဲ့ အစွမ်းတွေလည်း ပါဝင်လို့ ကလေးတွေအတွက် အရမ်းကောင်းတဲ့ ဓာတ်စာပါ။

ထောပတ်သီး

ထောပတ်သီးက ဦးနှောက်ဆီ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B-Complex ပါဝင်မှု မြင့်မားတာကြောင့် သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ငါး

အဆီများတဲ့ ငါးတွေဖြစ်တဲ့ အယ်မွန်၊ တူနာနဲ့ မက်ကရယ်ငါးတွေမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။

ကြက်ဥ

ကြက်ဥဆိုတာ အာဟာရတွေကို သိုလှောင်ရာပါ။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဇင့်ဓာတ်တွေ ပါလို့ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံမှာ ဗီတာမင်၊ ဇင့်နဲ့ ဗီတာမင် B-Complex ကြွယ်ဝပါတယ်။ အုတ်ဂျုံကို မနက်စာအဖြစ် ကလေးတွေကို ကျွေးရင် ဦးနှောက်ဖွံဖြိုးစေပါတယ်။

အခွံမာသီး

အခွံမာသီးတွေဖြစ်တဲ့ သစ်ကြားသီး၊ ဗာဒံစေ့နဲ့ မြေပဲတို့က ဦးနှောက်အတွက် ကောင်းတဲ့ အစားအစာတွေပါ။ ဒီအစားအစာတွေမှာ ဗီတာမင် ပါဝင်မှု ကြွယ်ဝပါတယ်။ သစ်ကြားသီးမှာ မှတ်ဥာဏ်နဲ့ ဦးနှောက်စွမ်းရည် မြင့်မားစေတဲ့ ဇင့်ဓာတ်ကြွယ်ဝပါတယ်။

သားသား၊ မီးမီးလေးတို့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးစေချင်ရင် ဒီအစားအစာတွေကို ဝယ်ထားပြီး ကျွေးလိုက်တော့ ဖေဖေ၊ မေမေတို့ရေ…

Ref : momjunction”7 foods that will boost your baby’s brainpower”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top